13-megapixel ကင်မရာနဲ့ ၅ လက်မအရွယ် Oppo F1 ဖုန်းထွက်ရှိ

Jan 18, 2016
0 5

offo_f1_gold_front_back_tilt_official

ဓာတ်ပုံရိုက်ဝါသနာပါတဲ့လူငယ်တွေအတွက် ကင်မရာပိုင်းကိုအဓိကဦးစားပေးထုတ်လုပ်ထားတဲ့ ကုမ္ပဏီရဲ့ Oppo F1 ဖုန်းအသစ်ကို ကုမ္ပဏီက တရားဝင်ဖြန့်ချိလိုက်ပါပြီ။

Oppo F1 ဖုန်းကို ဗီယက်နမ်အွန်လိုင်းလက်လီအရောင်းဝက်ဆိုဒ်ကနေ ဗီယက်နမ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ယခုအခါ ဥရောပကနေပါ ကြိုတင်မှာယူနိုင်ပြီဖြစ်ပါတယ်။ ဈေးကတော့ Oppo Selfie Stick ပါ အပါအ၀င် ၂၄၉ ကန်ဒေါ်လာ (မြန်မာငွေ ၃သိန်း၂သောင်းခန့်) ကျသင့်မှာဖြစ်ပါတယ်။

Oppo F1 ဖုန်းဟာ Sim ကတ်နှစ်ကတ်ထိုးဖြစ်ပြီး Android 5.1 Lollipop စနစ်ကိုအခြေခံထားတဲ့ ColorOS 2.1 ကို အသုံးပြုထားပါတယ်။ အလူမီနီယမ်ကိုယ်ထည်နဲ့ဖြစ်ပြီး အထူကတော့ ၇.၂၅ မီလီမီတာသာရှိတာကြောင့် ကိုင်ဆောင်ရတာပေါ့ပါးလွယ်ကူမှုရှိမှာပါ။ ၅လက်မအရွယ် (720×1280 pixels) HD resolution နဲ့ဖန်သားပြင် ကြောင့် ရုပ်ထွက်ပိုင်းမှာသက်ဝင်ကောင်းမွန်သလို၊ RAM 3GB၊ CPU မြန်နှုန်း 1.7GHz ရှိတဲ့ Qualcomm Snapdragon ပရိုဆက်ဆာကြောင့် အမြင့်စားဂိမ်းတွေ၊ app တွေကို အထစ်အငေါ့မရှိသုံးစွဲနိုင်မှာလည်း ဖြစ်ပါတယ်။

ကင်မရာပိုင်းမှာ 13 megapixel ရှိတဲ့ LED flash မီးပါ နောက်ကင်မရာ၊ နဲ့ 8-megapixel ရှိတဲ့ ရှေ့ကင်မရာတို့ ပါဝင်တာကြောင့် ဓာတ်ပုံဝါသနာရှင်တို့အတွက် ပုံကောင်းကောင်းရိုက်နိုင်မယ့်စမတ်ဖုန်းဖြစ်ပါတယ်။

ဒေတာသိမ်းဆည်းဖို့အတွက် 16 GB တစ်ပါတည်းပါရှိပြီး၊ ထပ်တိုးချဲ့ချင်ရင်တော့ 128 GB ရှိတဲ့ microSD ကတ် အထိ ထပ်စိုက်လို့ရပါတယ်။ ဘက်ထရီကတော့ 2500mAH လီသီယံ-ပိုလီမာဘက်ထရီကို အသုံးပြုထားပါတယ်။

Ref: Gadgets360

 

 

You may be interested

ဒီတစ်ပတ် Game for You အတွက် ရွေးပေးချင်တဲ့ Legend of Solgard
FEATURES, Games
26 shares8 views

ဒီတစ်ပတ် Game for You အတွက် ရွေးပေးချင်တဲ့ Legend of Solgard

Ko Thuya - Sep 22, 2018

Legend of Solgard ဟာ Candy Crush Series များကို ဖန်တီးထားတဲ့ King ရဲ့ လက်ရာ အသစ်တစ်ခု ဖြစ်ပါတယ်။ RPG Game ဖြစ်ပြီး တိုက်ခိုက်ရေး ဂိမ်း ဖြစ်ပါတယ်။ ဇာတ်ကောင်များကို စုဆောင်းပြီး သူတို့ရဲ့…

Android မှာ Mobile Data သက်သာချင်ရင် ဆောင်ထားရမယ့် App (၄) ခု
Android, FEATURES, HUBS
137 shares47 views

Android မှာ Mobile Data သက်သာချင်ရင် ဆောင်ထားရမယ့် App (၄) ခု

Ko Thuya - Sep 22, 2018

Android မှာ Facebook လို လူမှုကွန်ရက်များ အသုံးပြုခြင်း၊ ၀က်ဆိုက်များကြည့်ခြင်း အပါအ၀င် အင်တာနက် အသုံးပြုတဲ့ လူများအတွက် မိုဘိုင်းဒေတာကို သက်သာစေတဲ့ Apps များ ရှိပါတယ်။ အဲဒီ Apps များထဲမှ သင်နဲ့ သင့်တော်တဲ့ တစ်ခုကို ရွေးချယ်…

Xiaomi Redmi Y2 အတွက် အပြာနဲ့ အနက်ရောင်များ ထွက်ပြီ
Android, HUBS, Mobiles & Tablets
147 shares27 views

Xiaomi Redmi Y2 အတွက် အပြာနဲ့ အနက်ရောင်များ ထွက်ပြီ

Ko Thuya - Sep 22, 2018

ရှောင်မီက မေလမှာ Redmi S2 ကို ကြေညာခဲ့ပါတယ်။ သူ့ကို အိန္ဒိယမှာ Redmi Y2 အမည်နဲ့ ရောင်းချပေးခဲ့ပြီး ရွှေ၊ နှင်းဆီရွှေနဲ့ အညိုရောင်များ ထုတ်လုပ်ပေးခဲ့ပါတယ်။ အခုတော့ Xiaomi India က Redmi Y2 အတွက်…

Most from this category