Motorola Razr 5G vs Samsung Galaxy Z Flip 5G: Specs Comparison

Motorola နဲ့ Samsung တို့ဟာ ၂၀၁၉ ခုနှစ်မှာ ပထမမျိုးဆက် Foldable စမတ်ဖုန်းတွေကို မိတ်ဆက်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်မှာတော့ 5G ပါပြီး ဒီဇိုင်းပိုလန်းလာသလို အဖက်ဖက်က ပိုကောင်းလာတဲ့ မျိုးဆက်သစ် Foldable စမတ်ဖုန်းတွေကို ချပြလိုက်ပါတယ်။ အဲဒါတွေကတော့ Motorola Razr 5G နဲ့ Samsung Galaxy Z Flip 5G တို့ ဖြစ်ပါတယ်။ သူတို့ရဲ့ Foldable ဒီဇိုင်းက တူညီပြီး အရင်ခေတ်က ခေါက်ချိုးဖုန်းတွေကို Flexible မျက်နှာပြင်နဲ့ အဆင့်မြှင့်ထားတာ ဖြစ်ပါတယ်။ အဲဒီအတွက် အရွယ်အစား ကျစ်လစ်ပါတယ်။


ဈေးနှုန်း

Motorola Razr 5G နဲ့ Samsung Galaxy Z Flip 5G တို့ရဲ့ ဈေးဟာ နိုင်ငံအလိုက်ကွာခြားပါတယ်။ အမေရိကန်မှာ ၁၃၉၉ ဒေါ်လာနဲ့ ၁၄၄၉ ဒေါ်လာ အသီးသီး သတ်မှတ်ထားပါတယ်။ ဈေးက သိပ်မကွာလှပါဘူး။

အကျဉ်းချုပ် သုံးသပ်ချက်

ဒီဇိုင်းအပိုင်းမှာ Motorola Razr 5G ကို Samsung Galaxy Z Flip 5G ထက် ပိုကြိုက်မိပါတယ်။ ဒါပေမယ့် Samsung ဖုန်းက ကျန်တဲ့ အပိုင်းအားလုံးမှာ အားသာနေပါတယ်။ မျက်နှာပြင် ၊ ကင်မရာ၊ ကြိုးမဲ့အားသွင်းစနစ် အပါအဝင် အဖက်ဖက်က ပိုကောင်းပါတယ်။ သူတို့ရဲ့ အားသာချက် ၊ အားနည်းချက် အသေးစိတ်ကို အောက်မှာ လေ့လာပါ။

Motorola Razr 5G vs Samsung Galaxy Z Flip 5G: PRO and CONS

Samsung Galaxy Z Flip 5G
PRO
• Flagship hardware
• Bigger battery
• Wireless charging
• HDR10+ display
CONS
• Dimensions

Motorola Razr 5G
PRO
• Better external display
• Water-repellent
• Iconic design
• Great build quality
CONS
• Midrange hardware

Ref : gizmochina

%d bloggers like this: