LG က အနောက်ဘက် ဒီဇိုင်းဆန်းတဲ့ K42 ကို ကြေညာ

LG က ၂၀၂၀ မှာ ဒီဇိုင်းဆန်းတွေနဲ့ စမတ်ဖုန်း လောကမှာ နေရာပြန်ရအောင် ကြိုးစားနေပုံရပါတယ်။ အခုလည်း အနောက်ဘက် ဒီဇိုင်းဆန်းတဲ့ LG K42 ကို မိတ်ဆက်လိုက်ပြီး LG က Unique Wave Pattern လို့ ခေါ်ပါတယ်။ သူ့ရဲ့ ဈေးနှုန်းကို မသိရသေးပေမယ့် တန်ဖိုးနည်းမှာ သေချာပါတယ်။ သူ့မှာ အရွယ်ကြီး ၆.၆ လက်မ HD+ မျက်နှာပြင်နဲ့ MediaTek Helio P22 SoC တွေ ထည့်ထားပါတယ်။

3GB RAM နဲ့ 64GB Storage မော်ဒယ် ၁ မျိုးပဲ ထုတ်လုပ်ထားပါတယ်။ အနောက်ဘက်မှာ 13MP Main , 5MP Superwide , 2MP Depth နဲ့ 2MP Macro ကင်မရာတွေနဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံး ပါလာပါတယ်။ Android 10 OS အခြေပြု LG UX ထည့်သွင်းထားပါတယ်။ အရွယ်အစား အပြည့်အစုံမှာ 165 x 76.7 x 8.4mm ဖြစ်ပြီး ၁၈၂ ဂရမ် အလေးချိန်ရှိပါတယ်။ ဘက်ထရီက 4,000mAh ဖြစ်ပြီး တန်ဖိုးနည်း ဖုန်းအတွက် မဆိုးလှပါဘူး။

ကောင်းတဲ့အချက်က USB-C သုံးထားပေးပြီး Bluetooth 5.0 ပါပါတယ်။ အဲဒီဖုန်းဟာ MIL-STD-810G စံနှုန်းကို ပိုင်ဆိုင်ထားလို့ အကြမ်းခံပါတယ်။ သူ့ရဲ့ Specs အပြည့်အစုံကို အောက်မှာလေ့လာပါ။


Ref : gizchina

%d bloggers like this: