108MP ကင်မရာ ပါတဲ့ Redmi စမတ်ဖုန်း မကြာခင် လာမည်

Xiaomi ဟာ ၂၀၁၉ မှာ Mega-pixel အရမ်းမြင့်တဲ့ စမတ်ဖုန်း Trend ကို ဦးဆောင်ခဲ့ပြီး Samsung ရဲ့ 64MP ကင်မရာ ပါတဲ့ Redmi Note 8 Pro ကို ချပြခဲ့ပါတယ်။ လအနည်းငယ်အကြာမှာ 108MP ကင်မရာ ပါတဲ့ Mi Note 10 ကို ချပြခဲ့ပါတယ်။

အခုတော့ Xiaomi ဟာ 64MP နဲ့ 108MP ကင်မရာတွေပါတဲ့ Redmi စမတ်ဖုန်း ၂ လုံးကို ဖန်တီးနေတယ်လို့ တရုတ်ကနေ သတင်းထွက်လာပါတယ်။ လျှို့ဝှက်နာမည်တွေက Gauguin နဲ့ Gauguin Pro တို့ ဖြစ်ပြီး 64MP နဲ့ 108MP ကင်မရာ အသီးသီး ထည့်ထားတာပါ။ Pro မော်ဒယ်ဟာ 108MP ကင်မရာ ပါတဲ့ ဈေးအချိုဆုံး စမတ်ဖုန်း ဖြစ်သွားနိုင်ပါတယ်။ ဈေးနှုန်းကိုတော့ မသိရသေးပါဘူး။

တရုတ်က သတင်းအရ Xiaomi ဟာ 108MP ကင်မရာ ပါတဲ့ Redmi စမတ်ဖုန်းကို မကြာခင်‌ ကြေညာတော့မယ်လို့ သိရပါတယ်။ Xiaomi ဟာ လာမယ့် လအနည်းငယ်အတွင်းမှာ Redmi Note 10 Series အသစ်တွေကို ကြေညာတော့မှာဖြစ်သလို နိုဝင်ဘာလမှာ Mi Note စမတ်ဖုန်း အသစ် ၁ လုံးထွက်လာနိုင်ပါတယ်။

Ref : gizchina

%d bloggers like this: