Google က Pixel 5 နဲ့အတူ Chromecast နဲ့ စမတ်စပီကာအသစ်ကို ဒီလ ၃၀ ရက်နေ့ ကြေညာမယ်လို့ အတည်ပြု

Google က ဒီလ ၃၀ ရက်နေ့မှာ ထုတ်ကုန် အသစ် မိတ်ဆက်ပွဲ ပြုလုပ်မယ်လို့ ကြေညာလိုက်ပါတယ်။ အွန်လိုင်းကနေ ကျင်းပမှာ ဖြစ်ပြီး Google က ကြေညာမယ့် ထုတ်ကုန်တွေကိုလည်း အသိပေးလိုက်ပါတယ်။ Google Pixel စမတ်ဖုန်း အသစ်တွေနဲ့အတူ Chromecast နဲ့ စမတ်စပီကာ အသစ်တွေ ပါလာမယ်လို့ ပြောပါတယ်။

Pixel 5 ရဲ့ ပေါက်ကြားသတင်းတွေထွက်နေတာ ကြာပါပြီ။ သူ့မှာ ၆ လက်မ 90Hz OLED မျက်နှာပြင်ပါလာမယ်လို့ သတင်းထွက်နေပြီး အရည်အသွေးက FullHD+ ဖြစ်ပါတယ်။ Snapdragon 765G Chipset , 8GB RAM , 128GB Storage နဲ့ Android 11 ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၂ လုံး ထည့်သွင်းထားမှာ ဖြစ်ပြီး ၁ လုံးက Wide နဲ့ နောက် ၁ လုံးက Ultrawide Angle တို့ ဖြစ်ပါတယ်။ Ultrawide Angle ကင်မရာ ပါတဲ့ Google ရဲ့ ပထမဆုံး ဖုန်း ဖြစ်လာမှာပါ။ 3080mAh ဘက်ထရီ , 15W Qi Wireless Charging နဲ့ 5W Reverse Wireless Charging တွေ ပါလာနိုင်ပြီး ဈေးနှုန်းကို မသိရသေးပါဘူး။

Google Android TV Stick ရဲ့ ဓါတ်ပုံတွေနဲ့ သတင်းအချက်အလက်တွေလည်း မကြာခဏ ထွက်ခဲ့ဖူးပါတယ်။ Android TV ဖြစ်ပြီး Remote နဲ့ ဖွင့်ရတဲ့ UI ပါလာမှာပါ။ အရင် Chromecast တွေလို စမတ်ဖုန်းနဲ့ ထိန်းချုပ်ရတာ မဟုတ်ပါဘူး။ Remote ရဲ့ ဒီဇိုင်းက ရိုးရှင်းပြီး Netflix နဲ့ YouTube ကို မြန်မြန်ဖွင့်နိုင်တဲ့ ခလုတ်တွေ ထည့်သွင်းထားပါတယ်။

သူ့မှာ Amlogic S905X2 SoC မောင်းနှင်ထားမှာ ဖြစ်ပြီး Quad-core Cortex-A53 CPU နဲ့ Mali-G31MP2 GPU ပါလာမှာပါ။ ချောချောမွတ်မွတ်ဖြစ်စေဖို့အနည်းဆုံး 2GB RAM နဲ့ 16GB Storage ပါလာနိုင်ပါတယ်။ မကြာခင်က သူ့ကို “Google Chromecast with Google TV” နာမည်နဲ့ Target စတိုးမှာ ၅၀ ဒေါ်လာနဲ့ စာရင်းတင်ထားပါတယ်။ မြန်မာငွေ ၆ သောင်း ၆ ထောင်လောက်ပဲ ရှိမှာပါ။ အရင်မျိုးဆက်တွေကိုတော့ Google Chromecast နာမည်နဲ့ ရောင်းချပေးထားတာဖြစ်ပြီး အခုတော့ နာမည်နည်းနည်း ပြောင်းလဲသွားပါတယ်။

Ref : gsmarena

%d bloggers like this: