iPhone 12 Series ရဲ့ Wireless Charger ဗီဒီယို ထွက်ပေါ်လာ

Apple က iPhone 12 Series မှာ Magnetic Wireless Charger ထည့်သွင်းထားမယ်လို့ သတင်းထွက်နေတာ ကြာပါပြီ။ အခုတော့ အဲဒီ Charger ရဲ့ ဗီဒီယို ၁ ခု ပေါက်ကြားထွက်ပေါ်လာပါတယ်။ ဒါဟာ နမူနာမော်ဒယ်လည်း ဖြစ်နိုင်ပါတယ်။ Charger ဟာ ပါးလွှာပြီး စက်ဝိုင်းပုံစံ ဖြစ်ပါတယ်။ သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားတာ ဖြစ်နိုင်ပြီး အောက်ခြေဟာ Pin ၉ ခုပါတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ အရင် သတင်းတွေအရ Qi စံနှုန်းကို ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။


Apple ဟာ iPhone 12 မော်ဒယ် အနည်းဆုံး ၄ လုံး ကြေညာနိုင်ပြီး အားလုံးမှာ 5G ပါလာမှာပါ။ တန်ဖိုးအကြီးဆုံး မော်ဒယ်မှာပဲ mmWave 5G ထည့်ထားနိုင်ပါတယ်။ iPhone 5 လို ထောင့်ဘက်တွေ ပြားချပ်တဲ့ ဒီဇိုင်း အသစ်ကို သုံးထားနိုင်ပါတယ်။

Apple ဟာ ပြီးခဲ့တဲ့ ၁၅ ရက်နေ့က ထုတ်ကုန်မိတ်ဆက်ပွဲ ၁ ခု ကျင်းပခဲ့ပြီး iPhone 12 Series တွေ ပါလာမယ်လို့ ထင်ခဲ့ကြပါတယ်။ ဒါပေမယ့် မပါလာခဲ့ဘဲ Apple Watch Series 6 , Watch SE တို့ကို ကြေညာခဲ့သလို iPad Air နဲ့ iPad အသစ်တွေကို ချပြခဲ့ပါတယ်။ iPhone 12 Series ကြေညာမယ့် အချိန်ကို Apple က မပြောသေးပေမယ့် အောက်တိုဘာလထဲမှာ ဖြစ်နိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: