5,000mAh ဘက်ထရီ ပါတဲ့ Moto E7 Plus ကို ၂၃ ရက်နေ့ အိန္ဒိယမှာ ကြေညာမည်

Motorola က Moto E7 Plus ကို အိန္ဒိယမှာ ၂၃ ရက်နေ့ ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။ Flipkart က သူ့အတွက် ဝက်ဘ်စာမျက်နှာကို လွှင့်တင်ထားပြီးပြီ ဖြစ်ပြီး Navy Blue နဲ့ Bronze ၂ ရောင်ကိုတွေ့ရပါတယ်။ အဲဒီမှာ Specs တွေကို မဖော်ပြထားပေမယ့် ဥရောပနဲ့ ဘရာဇီးမှာ ကြေညာထားပြီးပြီ ဖြစ်တဲ့အတွက် သူ့ရဲ့ Specs အပြည့်အစုံကို သိထားပြီးပါပြီ။

သူဟာ တန်ဖိုးနည်း စွမ်းရည်နိမ့် စမတ်ဖုန်း ဖြစ်ပြီး Snapdragon 460 Chipset နဲ့ 48MP Main ကင်မရာ၊ အရွယ်ကြီး 5,000mAh ဘက်ထရီတွေက သူ့ရဲ့ အဓိက အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ Android 10 OS မောင်းနှင်ထားပြီး ၆.၅ လက်မ HD+ LCD မျက်နှာပြင် ထည့်သွင်းထားပါတယ်။ 8MP ဆဲလ်ဖီး ကင်မရာကို အရွယ်သေး Notch မှာ တပ်ဆင်ထားပြီး အနောက်ဘက်မှာ 48MP Main , 2MP Depth ကင်မရာ ၂ လုံးနဲ့အတူ LED Flash ၁ လုံးကို ပူးတွဲ ထည့်သွင်းထားပါတယ်။ လက်ဗွေရာ အာရုံခံကိရိယာကိုလည်း အနောက်ဘက်မှာ တပ်ဆင်ထားပါတယ်။

Qualcomm Snapdragon 460 Chipset မောင်းနှင်ထားပြီး 4GB RAM နဲ့ 64GB Storage ထည့်သွင်းထားပါတယ်။ microSD Card နဲ့ Storage ကို တိုးမြှင့်နိုင်ပါတယ်။ အရွယ်ကြီး 5,000mAh ဘက်ထရီအတွက် 10W Charging ထောက်ပံ့ထားပြီး microUSB Port နဲ့ အားသွင်းနိုင်ပါတယ်။ Motorola က ဘက်ထရီ သက်တမ်း ၂ ရက်ခံတယ်လို့ ပြောပါတယ်။ ဥရောပမှာ ၂၅၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ၃ သိန်း ၄ သောင်းလောက်ရှိပြီး အိန္ဒိယ ရောင်းဈေးကို မသိရသေးပါဘူး။

Ref : gsmarena

%d bloggers like this: