Reboot လုပ်တိုင်း Default App တွေကို Reset လုပ်နေတဲ့ iOS 14

Apple က iOS 14 ကို ဒီလ ၁၆ ရက်နေ့က စတင် ဖြန့်ချိပေးခဲ့တာ ဖြစ်ပြီး ရက်အနည်းငယ်အတွင်းမှာ Bug ကြီးကြီးမားမား ၁ ခုကိုတွေ့လာရပါပြီ။ အဲဒါကတော့ iOS 14 ဟာ Reboot လုပ်တိုင်း Default App တွေကို Reset လုပ်နေတာပါ။ iOS 14 မှာ Default App တွေကို နှစ်သက်ရာ သတ်မှတ်နိုင်တဲ့ လုပ်ဆောင်ချက်ပါလာတာကို လူတွေ အရမ်း ကြိုက်ကြပါတယ်။

အခုတော့ Reboot လုပ်တိုင်း Apple App တွေက Default App ပြန်ဖြစ်သွားပါတယ်။ Settings ထဲသွားပြီး သင်နှစ်သက်တဲ့ Default App တွေ ပြန်ပြောင်းနေရတဲ့ ပြဿနာ ဖြစ်နေပါတယ်။ Apple က Update ထုတ်ပြီး အဲဒီ ပြဿနာကို မြန်မြန် ဖြေရှင်းပေးမယ်လို့ ထင်ပါတယ်။

iOS 14 မှာ အလန်းစား လုပ်ဆောင်ချက်အသစ်တွေ ပါလာပြီး လုပ်ဆောင်ချက် အဟောင်းတွေကိုလည်း ဆန်းသစ်ထားပါတယ်။ Homescreen Widget အသစ်တွေထည့်ထားပြီး iOS ရဲ့ App Drawer လို့ ပြောနိုင်တဲ့ App Library ပါလာပါတယ်။ နောက်ထပ် လန်းတဲ့ လုပ်ဆောင်ချက်တွေထဲမှာ Picture-in-picture Mode ပါလာပြီး တခြား အလုပ်တွေလုပ်နေရင်း ဗီဒီယိုတွေ ကြည့်နိုင်ပါတယ်။

iOS 14 ရရှိမယ့် Device စာရင်းကို အောက်မှာ လေ့လာနိုင်ပါတယ်။

• iPhone 11
• iPhone 11 Pro
• iPhone 11 Pro Max
• iPhone XS
• iPhone XS Max
• iPhone XR
• iPhone X
• iPhone 8
• iPhone 8 Plus
• iPhone 7
• iPhone 7 Plus
• iPhone 6s
• iPhone 6s Plus
• iPhone SE (1st generation)
• iPhone SE (2nd generation)
• iPod touch (7th generation)

Ref : gsmarena

%d bloggers like this: