OnePlus ရဲ့ တန်ဖိုးနည်း Buds Z TWS နားကြပ်ကို မကြာခင် ကြေညာနိုင်

OnePlus က ဇူလိုင်လမှာ ၇၉ ဒေါ်လာပဲ ရှိတဲ့ Buds TWS နားကြပ်ကို ကြေညာခဲ့ပြီး အခုတော့ သူ့ထက် ဈေးသက်သာတဲ့ TWS နားကြပ် အသစ် ၁ ခုကို ဖန်တီးနေတယ်လို့ သတင်းထွက်လာပါတယ်။ OnePlus Buds Z လို့ နာမည်ပေးထားပြီး မကြာခင် ကြေညာနိုင်ပါတယ်။


Tipster Max J က အဲဒီ နားကြပ် အသစ်အကြောင်းကို တွစ်တာမှာ ပို့စ်တင်ပြီး ဖွလိုက်တာ ဖြစ်ပေမယ့် Specification ၁ ခုမှကို မပြောထားသေးပါဘူး။ OnePlus Buds Z ရဲ့ အထောက်အထားတွေကို OxygenOS 11 Beta Version ထဲက ကုဒ်တွေမှာ တွေ့ရတယ်လို့ XDA Developer က ပြီးခဲ့တဲ့ ၁ ပတ်မှာ သတင်းပေးထားပါတယ်။

ပေါက်ကြားနေတဲ့ သတင်းတွေအရ OnePlus Buds Z ကို OnePlus 8T Series နဲ့အတူ ကြေညာမယ်လို့ သိရပါတယ်။ လက်ရှိမှာ OnePlus Buds Z ရဲ့ သတင်းအချက်အလက်တွေကို ဒီလောက်ပဲ သိရပါသေးတယ်။ မကြာခင်မှာ သူ့ရဲ့ သတင်းအချက်အလက်တွေ ပိုပြီး ထွက်ပေါ်လာနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: