LG က တန်ဖိုးနည်း Q31 ကို ကြေညာ

LG က တောင်ကိုရီးယားမှာ တန်ဖိုးနည်း စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ Q31 လို့ နာမည်ပေးထားပြီး မကြာခင်က အမေရိကန်မှာ ကြေညာခဲ့တဲ့ K31 နဲ့ ဒီဇိုင်းရော ၊ Specs တွေပါ ဆင်တူပါတယ်။ LG Q31 မှာ ၅.၇ လက်မ HD+ U-Notch FullVision မျက်နှာပြင် ၊ MediaTek Helio P22 Processor ၊ 3GB RAM တွေ ထည့်သွင်းထားပြီး အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပါတယ်။

အနောက်ဘက်မှာ 13MP Main နဲ့ 5MP Wide Angle ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 5MP ကင်မရာ ၁ လုံး ထည့်သွင်းထားပါတယ်။ ဘက်ထရီက 3,000mAh ဖြစ်ပြီး MIL-STD-810G စံနှုန်းပါတဲ့အတွက် တုန်ခါတာ၊ ထိခိုက်တာ၊ အပူချိန်မြင့်မားတာ၊ နိမ့်ကျတာ၊ လေထုစိုထိုင်းတာတွေကို ခံနိုင်ရည်ရှိပါတယ်။

LG Q31 specifications

• Display: 5.7-inch (1520 x 720 pixels) 18.9:9 HD+ Notch FullVision display
• SoC: 2GHz Octa Core MediaTek Helio P22 (MT6762) 12nm processor with 650MHz IMG PowerVR GE8320 GPU
• RAM: 3GB
• ROM: 32GB; expandable up to 1TB through microSD
• OS: Android 10
• SIM: Single SIM (nano)
• Cameras — Rear — 13MP (primary with f/1.8 aperture) + 5MP (120° wide-angle with f/2.2 aperture)
• Front — 5MP with f/2.2 aperture
• 3.5mm audio jack
• Dimensions: 147.9x71x8.7mm; Weight: 145g
• Connectivity: Dual 4G VoLTE, Wi-Fi, Bluetooth 5.0, GPS, micro USB
• Battery: 3000mAh non-removable

LG Q31 အတွက် Metallic Silver အရောင် ထုတ်လုပ်ထားပြီး တောင်ကိုရီးယားမှာ ၂၀၉,၀၀၀ ဝမ် သတ်မှတ်ထားပါတယ်။ ၂ သိန်း ၂ သောင်းလောက်ပဲရှိပြီး ၂၅ ရက်နေ့ ရောင်းမှာပါ။

Ref : fonearena

%d bloggers like this: