Facebook က Live ဗီဒီယိုတွေမှာ Automated Captions ထည့်ပေးပြီ

ကပ်ရောဂါ ကာလမှာ လူတော်တော်များများဟာ မီဒီယာတွေ၊ အစိုးရ အဖွဲ့အစည်းတွေရဲ့ သတင်းတွေကို ဖတ်ရှု နားဆင်နိုင်ဖို့ အွန်လိုင်းကိုပဲ အားကိုးနေရပါတယ်။ အခုတော့ နားမကြားသူတွေ၊ အကြားအာရုံ မကောင်းသူတွေအတွက် Facebook က ဆော့ဖ်ဝဲ အခြေပြု စာတမ်းထိုးပေးတဲ့ နည်းပညာကို Facebook Live နဲ့ Workplace Live တို့မှာ ထည့်သွင်းပေးလိုက်ပြီ ဖြစ်ပါတယ်။

Facebook က အဲဒီ နည်းပညာကို ဘာသာစကား ၁၆ မျိုးနဲ့ ဗီဒီယိုတွေ၊ Instagram IGTV တို့လို နေရာတွေမှာ ထည့်သွင်းပေးထားပြီး ဖြစ်ပေမယ့် အခုမှပဲ Live ဗီဒီယိုတွေအတွက် ပံ့ပိုးပေးလိုက်တာ ဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာအဝန်းက အစိုးရတွေအတွက်လည်း အကျိုးရှိစေမှာ ဖြစ်ပြီး နားမကြားသူတွေကို ကပ်ရောဂါနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အသိပေးခွင့်ရှိမှာပါ။ ဘာသာစကားလေ့လာချင်သူတွေအတွက်လည်း ဒါဟာ အကျိုးရှိစေပါတယ်။

လက်ရှိမှာ Facebook Live နဲ့ Workplace Live အတွက် ဘာသာစကား ၆ မျိုးနဲ့ စာတမ်းထိုးပေးမှာ ဖြစ်ပြီး အဲဒီ ဘာသာစကားတွေကတော့ English, Spanish, Portuguese, Italian, German နဲ့ French တို့ ဖြစ်ပါတယ်။

Ref : fonearena

%d bloggers like this: