Apple က iOS 14 , iPadOS 14 , watchOS 7 နဲ့ tvOS 14 ကို ဖြန့်ချိပြီ

Apple က iOS 14 ကို စက်တင်ဘာလ ၁၆ ရက်နေ့ကစပြီး စတင် ဖြန့်ချိပေးလိုက်ပြီ ဖြစ်ပါတယ်။ iOS 14 ရရှိမယ့် Device စာရင်းကို အောက်မှာ လေ့လာနိုင်ပါတယ်။

• iPhone 11
• iPhone 11 Pro
• iPhone 11 Pro Max
• iPhone XS
• iPhone XS Max
• iPhone XR
• iPhone X
• iPhone 8
• iPhone 8 Plus
• iPhone 7
• iPhone 7 Plus
• iPhone 6s
• iPhone 6s Plus
• iPhone SE (1st generation)
• iPhone SE (2nd generation)
• iPod touch (7th generation)

iOS 14 မှာ အလန်းစား လုပ်ဆောင်ချက်အသစ်တွေ ပါလာပြီး လုပ်ဆောင်ချက် အဟောင်းတွေကိုလည်း ဆန်းသစ်ထားပါတယ်။ Homescreen Widget အသစ်တွေထည့်ထားပြီး iOS ရဲ့ App Drawer လို့ ပြောနိုင်တဲ့ App Library ပါလာပါတယ်။ နောက်ထပ် လန်းတဲ့ လုပ်ဆောင်ချက်တွေထဲမှာ Picture-in-picture Mode ပါလာပြီး တခြား အလုပ်တွေလုပ်နေရင်း ဗီဒီယိုတွေ ကြည့်နိုင်ပါတယ်။

Apple က iOS 14 နဲ့ အတူ iPadOS 14 , watchOS 7 နဲ့ tvOS 14 တို့ကိုလည်း ဒီနေ့ပဲ ဖြန့်ချိပေးလိုက်ပါပြီ။

Ref : gsmarena

%d bloggers like this: