144Hz မျက်နှာပြင်နဲ့ 10th Gen Intel Core i5/i7 ပါတဲ့ Honor Hunter V700 Gaming လက်ပ်တော့ကို ကြေညာ

Honor က ကုမ္ပဏီရဲ့ ပထမဆုံး Gaming လက်ပ်တော့ကို ကြေညာလိုက်ပါတယ်။ Honor Hunter V700 လို့ နာမည်ပေးထားပြီး ၁၆.၁ လက်မ Full HD မျက်နှာပြင်နဲ့ 144Hz Refresh Rate ပါပါတယ်။ အောက်ဘက်ကလွဲပြီး ကျန်မျက်နှာပြင်ဘောင်တွေက ပါးလွှာတဲ့အတွက် ဒီဇိုင်း မိုက်ပါတယ်။ 10th Gen Intel Core i5/i7 Processor တွေ ထည့်သွင်းထားပါတယ်။

စွမ်းရည်မြင့် 12V Fans ၂ ခု ထည့်သွင်းထားပြီး 5V Fans တွေထက် ပိုမြန်သလို လေထု ပိုဝင်တဲ့အတွက် အပူချိန်လျှော့ချပေးရာမှာ ကောင်းပါတယ်။ Hunter Button ပါလာပြီး Performance, Balanced, Quiet Mode တွေကို မြန်မြန် ပြောင်းနိုင်ပါတယ်။ 3D Surround Sound Effect ပိုကောင်းစေတဲ့ Nahimic for Gamers Audio ထည့်ထားပါတယ်။

HONOR Hunter V700 Gaming Notebook specifications

• 16.1-inch (1920 x 1080 pixels) display with 144Hz refresh rate, 178-degree wide viewing angle, 100% sRGB, 300 nits brightness
• 10th Gen Intel Core quad-core i5-10300H (2.5GHz / up to 4.5GHz) / six-core i7-10750H (2.6GHz / up to 5.0GHz) processor
• NVIDIA GeForce GTX 1660Ti / RTX 2060 GPU
• 16GB RAM (upgradable up to 32GB), 512GB / 1TB PCIe NVMe SSD
• Windows 10
• HD webcam, digital array microphone
• WiFi 802.11ax 2×2 (2.4GHz and 5GHz), Bluetooth 5.1
• Dimensions: 369.7 × 253 × 19.9 -21.5mm; Weight: 2.45kg
• 2 x USB 3.2, 1 x USB 2.0, 1 x USB Type-C, 1 x HDMI, 1x Mini DP, 1 x Gigabit Ethernet port
• 3.5mm audio jack, 2W×2 speakers, Realtek ALC 256M, DTS:X Ultra
• 56Wh battery with 2-5h battery life
Pricing
• Hunter V700 i5-10300H/16GB/512GB/GTX 1660Ti — 7499 yuan (US$ 1109 / Rs. 81,560 approx.)
• Hunter V700 i7-10750H/16GB/512GB/RTX 2060 — 8499 yuan (US$ 1257 / Rs. 92,480 approx.)
• Hunter V700 i7-10750H/16GB/1TB/RTX 2060 — 9999 yuan (US$ 1479 / Rs. 1,08,800 approx.)

တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၁၄ သိန်း ၆ သောင်းလောက်ရှိပြီး တရုတ်မှာ ၂၇ ရက်နေ့ ရောင်းမှာပါ။

Ref : fonearena

%d bloggers like this: