Kirin 820 ပါတဲ့ Huawei MatePad 5G ကို ကြေညာ

Huawei က တရုတ်မှာ MatePad ရဲ့ 5G Version ကို ကြေညာလိုက်ပါတယ်။ သူ့မှာ ၁၀.၄ လက်မ IPS 2000x1200p မျက်နှာပြင် တပ်ဆင်ထားပြီး Kirin 820 5G SoC နဲ့ အဆင့်မြှင့်ထားပါတယ်။ 6GB RAM နဲ့ 128GB Storage အထိ ရွေးချယ်နိုင်ပြီး 512GB microSD Card စိုက်နိုင်ပါတယ်။ Android 10 အခြေပြု EMUI 10.1 မောင်းနှင်ထားပါတယ်။

Huawei M-Pencil ပါလာပြီး ပုံဆွဲ၊ စာရေးတာတွေ ပြုလုပ်နိုင်ပါတယ်။ အရှေ့နဲ့ အနောက်ဘက်မှာ 8MP ကင်မရာ ၁ လုံးစီ တပ်ဆင်ထားပြီး 7,250mAh ဘက်ထရီ ပါလာပါတယ်။

HUAWEI MatePad 5G specifications

• 10.4-inch (2000 x 1200 pixel) IPS display with 470 nit brightness
• HUAWEI Kirin 820 5G (1 x Cortex-A76 Based 2.36GHz + 3 x Cortex-A76 Based 2.22GHz + 4 x Cortex-A55 1.84 GHz) processor with ARM Mali-G57MP6 GPU, 1 x NPU (Neural-network Processing Unit)
• 6GB RAM, 128GB storage, expandable memory up to 512GB with microSD
• Android 10 with EMUI 10.1
• 8MP rear camera
• 8MP front-facing camera
• Dimensions: 245.2 x 154.96x 7.45 mm ; Weight:460g
• Quad speakers, four microphones
• 5G SA/NSA, 4G LTE, Wi-Fi 802.11 ax (2.4GHz/5GHz), Bluetooth 5.1, GPS, GLONASS, USB 2.0 Type-C
• 7250mAh (typical) / 7150mAh (minimum) battery with 22.5W fast charging

အညိုနဲ့ အဖြူရောင် ထုတ်လုပ်ထားပြီး ၃,၁၉၉ ယွမ် သတ်မှတ်ထားပါတယ်။ ၆ သိန်း ၃ သောင်းလောက်ရှိပြီး တရုတ်မှာ ရောင်းပေးလိုက်ပါပြီ။

Ref : fonearena

%d bloggers like this: