Snapdragon 665 နဲ့ 48MP ကင်မရာ ပါတဲ့ Vivo Y51 ကို ကြေညာ

Vivo က ၂၀၁၅ ဒီဇင်ဘာလမှာ Y51 ကို ကြေညာခဲ့ပြီး သူ့မှာ Snapdragon 410 SoC, ၅ လက်မ မျက်နှာပြင် , 8MP Main ကင်မရာတွေ ထည့်သွင်းထားပါတယ်။ အခုတော့ Vivo က Y51 အသစ်ကို ချပြလိုက်ပြီး Snapdragon 665 SoC နဲ့ အဆင့်မြှင့်ထားပါတယ်။

မော်ဒယ် အသစ်မှာ ၆.၃၈ လက်မ FullHD+AMOLED မျက်နှာပြင်နဲ့ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာတွေ ပါပါတယ်။ Notch မှာ 16MP ကင်မရာပါလာပြီး အနောက်ဘက်မှာ 48MP Main , 8MP Ultrawide, 2MP Macro နဲ့ 2MP Depth ကင်မရာတွေကို စိန်ပုံစံ တပ်ဆင်ထားပါတယ်။ Android 10 အခြေပြု Funtouch OS 10 မောင်းနှင်ထားပြီး 4GB RAM , 128GB Storage တွေ ပါပါတယ်။

18W Charging ပါတဲ့ 4,500mAh ဘက်ထရီ ထည့်သွင်းထားပြီး USB-C Port ပါပါတယ်။ Mystic Black, Jazzy Blue နဲ့ Dreamy White ၃ ရောင် ထုတ်လုပ်ထားပြီး ၂၂၀ ဒေါ်လာလောက် တန်ကြေးရှိပါတယ်။ ၂ သိန်း ၉ သောင်းလောက်ရှိပြီး ၁၉ ရက်‌နေ့ ပါကစ္စတန်မှာ ရောင်းမှာပါ။

Ref : gsmarena

%d bloggers like this: