Apple က ၃ သိန်းကျော်ပဲရှိတဲ့ တန်ဖိုးနည်း Watch SE ကို ကြေညာ

Apple က သူ့ရဲ့ ပထမဆုံး တန်ဖိုးနည်း စမတ်နာရီကို ကြေညာလိုက်ပါတယ်။ Watch SE လို့ ခေါ်ပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၃ သိန်း ၇ သောင်းလောက်ပဲ ရှိပါတယ်။ သူ့မှာ တန်ဖိုးကြီးတဲ့ Retina မျက်နှာပြင် ထည့်သွင်းထားပြီး ဒီဇိုင်းက Watch Series 6 နဲ့ တူတူပါပဲ။

Watch SE မှာ S5 Dual-core Chip ထည့်သွင်းထားပြီး Accelerometer, Gyroscope, Always-On Altimeter, Fall Detection, Emergency SOS, International Emergency Calling တွေ ထောက်ပံ့ထားပါတယ်။ watchOS 7 မောင်းနှင်ထားပြီး Stripes, Chronograph Pro, GMT, Artist အပါအဝင် Watch Faces အသစ် ၇ ခု ပါလာပါတယ်။

အိပ်စက်မှု အခြေအနေကို တွက်ချက်ပေးနိုင်ပြီး ကိုဗစ် ကာလမှာ အရေးကြီးတဲ့ လက်မကြာမကြာဆေးအောင် သတိပေးနိုင်ပါတယ်။ ကလေးတွေရဲ့ စမတ်နာရီ အသုံးပြုမှုကို ထိန်းချုပ်နိုင်တဲ့ Family Setup လုပ်ဆောင်ချက် အသစ်လည်း ထည့်သွင်းထားပြီး Apple က ကိုယ်ထည်ကို စွန့်ပစ် အလူမီနီယမ် ၁၀၀ ရာခိုင်နှုန်းနဲ့ တည်ဆောက်ထားပါတယ်။

လက်ပတ်ကြိုးအနေနဲ့ Solo Loop, Braided Solo Loop, နဲ့ Leather Link တွေ ရွေးချယ်နိုင်ပြီး ၄၂ နဲ့ ၃၈ မီလီမီတာ အရွယ်အစား ၂ မျိုးထုတ်လုပ်ထားပါတယ်။ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ၁၈ ရက်နေ့ ရောင်းမှာပါ။

Ref : fonearena

%d bloggers like this: