ကိုယ်လက်လှုပ်ရှားမှုတွေကို တွက်ချက်ပေးနိုင်တဲ့ Apple Watch Series 6 ကို ကြေညာပြီ

Apple က နောက်မျိုးဆက် စမတ်နာရီအသစ်ကို ထုတ်ပြလိုက်ပါပြီ။ Watch Series 6 မှာ Always-on Display ပိုကောင်းလာပြီး အရင်မျိုးဆက်ထက် ၂ ဆခွဲ ပိုတောက်ပလာပါတယ်။သူ့ရဲ့ အဓိက လုပ်ဆောင်ချက်တွေက သွေးတွင်း အောက်ဆီဂျင် ပမာဏနဲ့ နှလုံးခုန်နှုန်းကို တိုင်းတာပေးတာပါ။ iPhone 11 မှာ ပါတဲ့ Dual-core A13 Bionic Chip မောင်းနှင်ထားပြီး အရင်မျိုးဆက်ထက် ၂၀ ရာခိုင်နှုန်း ပိုမြန်လာပါတယ်။ ဘက်ထရီ သက်တမ်းက ၁၈ နာရီ ဖြစ်ပြီး ၁ နာရီခွဲထဲနဲ့ ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးပါတယ်။

watchOS 7 ပါလာပြီး Stripes, Chronograph Pro, GMT နဲ့ Artist အပါအဝင် Watch Faces အသစ် ၇ ခု ထည့်ထားပါတယ်။ အိပ်စက်မှု အခြေအနေကို တွက်ချက်ပေးနိုင်ပြီး လက်မကြာခဏဆေးအောင် သတိပေးတဲ့ လုပ်ဆောင်ချက်က ကိုဗစ် ကာလမှာ အသုံးဝင်ပါတယ်။ Family Setup ပါလာပြီး ကလေးတွေအတွက် Emergency SOS နဲ့ Schooltime Mode တွေ ထည့်ထားပါတယ်။ Space Gray, Silver, Gold Aluminum နဲ့ (PRODUCT)RED အရောင်တွေ အပြင် Blue အရောင် အသစ် ထုတ်လုပ်ထားပါတယ်။

အလူမီနီယမ် GPS Only မော်ဒယ်ရဲ့ ၄၀ နဲ့ ၄၄ မီလီမီတာအတွက် ၃၉၉ နဲ့ ၄၂၉ ဒေါ်လာ အသီးသီး သတ်မှတ်ထားပြီး ၅ သိန်း ၃ သောင်းနဲ့ ၅ သိန်း ၇ သောင်းလောက် ကျသင့်မှာပါ။ GPS+Cellular Version အတွက် ၄၉၉ နဲ့ ၅၂၉ ဒေါ်လာ အသီးသီး သတ်မှတ်ထားပြီး ၅ သိန်း ၃ သောင်းနဲ့ ၇ သိန်း တန်ကြေးရှိပါတယ်။ Stainless Steel Version တွေကိုလိုချင်ရင် ဒီထက်ပိုပေးရမှာပါ။ ၁၈ ရက်နေ့ ရောင်းမှာ ဖြစ်ပြီး ကြိုတင်မှာယူခွင့် ပေးလိုက်ပါပြီ။

Ref : fonearena

%d bloggers like this: