Apple က A14 Bionic Chip နဲ့ Liquid Retina မျက်နှာပြင် ပါတဲ့ စတုတ္ထမျိုးဆက် iPad Air ကို ကြေညာ

Apple က စတုတ္ထမျိုးဆက် iPad Air အသစ်ကို အွန်လိုင်းကနေ ကြေညာလိုက်ပါတယ်။ သူ့မှာ ၁၀.၉ လက်မ Liquid Retina မျက်နှာပြင် ပါလာပြီး ထိပ်ဖက်မှာ Touch ID တပ်ဆင်ထားပါတယ်။ စွမ်းရည်မြင့် A14 Bionic 5nm Chip မောင်းနှင်ထားပြီး CPU စွမ်းရည်ဟာ အရင်မျိုးဆက်ထက် ၄၀ ရာခိုင်နှုန်း တက်လာပါတယ်။ 4-core Graphics Architecture အသစ်ကြောင့် Graphic စွမ်းရည်ဟာ ၃၀ ရာခိုင်နှုန်း ပိုမိုက်လာပါတယ်။ 16-core Neural Engine က ၁ စက္ကန့်ကို တွက်ချက်မှုပေါင်း ၁၁ ထရီလီယမ်အထိ ပြုလုပ်နိုင်တဲ့အတွက် အလုပ်လုပ်ရင် အရမ်း မြန်မှာပါ။

အရှေ့ဘက်မှာ 7MP FaceTime HD ကင်မရာ ၁ လုံးနဲ့ အနောက်ဘက်မှာ 12MP ကင်မရာ ၁ လုံး ပါလာပါတယ်။ USB-C Port နဲ့ WiFi 6 ထောက်ပံ့ထားပြီး LTE ထက် ၆၀ ရာခိုင်နှုန်း ပိုမြန်လာပါတယ်။

Apple iPad Air 4th Gen (2020) specifications

• 10.9-inch (2360 x 1640 pixels) Retina True Tone display with P3 Color Gamut, 500 nits brightness, 264 PPI
• Six-Core A14 Bionic 5nm chip with 64-bit architecture, quad-cpre graphics
• 64GB/256GB variants
• iPad OS 14
• 12MP camera with f/2.4 aperture, 5P lens, Hybrid IR filter
• 7MP front-facing FaceTime HD camera with f/2.0 aperture, Retina Flash
• Dual microphones for calls, Stereo speakers
• Gigabit 4G LTE (optional), Wi Fi 802.11ax Wi-Fi 6 (2.4GHz and 5GHz); HT80 with MIMO, Bluetooth 5.0
• Touch ID on the top
• Dimensions: 247.6 x 178.5x 6.1mm; Weight: 458g (WiFi) / 460g (4G)
• 28.6-watt-hour rechargeable lithium-polymer battery with Up to 10 hours of surfing the web on Wi-Fi, watching video, or listening to music

Silver , Space Gray , Rose Gold , Green နဲ့ Sky Blue အရောင်တွေ ထုတ်လုပ်ထားပြီး 64GB WiFi Version ကို ၅၄,၉၀၀ ရူပီး၊ 256GB WiFi Version ကို ၆၈,၉၀၀ ရူပီး သတ်မှတ်ထားပါတယ်။ ၉ သိန်း ၉ သောင်းနဲ့ ၁၂ သိန်း ၄ သောင်းလောက် ကျသင့်မှာပါ။ WiFi + Cellular Version တွေအတွက် 64GB နဲ့ 256GB တွေထုတ်လုပ်ထားပြီး ၆၆,၉၀၀ နဲ့ ၈၀,၉၀၀ ရူပီး အသီးသီး သတ်မှတ်ထားပါတယ်။ ၁၂ သိန်း နဲ့ ၁၄ သိန်းခွဲလောက် အသီးသီး တန်ကြေးရှိပါတယ်။

Apple Pencil (2nd Gen) ကို ၁၀,၉၀၀ ရူပီး၊ Magic Keyboard ကို ၂၇,၉၀၀ ရူပီးနဲ့ Smart Keyboard Folio ကို ၁၅,၉၀၀ ရူပီး အသီးသီး သတ်မှတ်ထားပြီး Apple Pencil က ၁ သိန်း ၉ သောင်းခွဲလောက် ကျသင့်မှာပါ။ iPad Air အသစ်ကို အောက်တိုဘာလမှာ ရောင်းမှာပါ။

Ref : fonearena

%d bloggers like this: