5,000mAh ဘက်ထရီ ပါတဲ့ Redmi 9i ကို ကြေညာ

Redmi က အိန္ဒိယမှာ တန်ဖိုးနည်း Redmi 9i ကို ကြေညာလိုက်ပါတယ်။ သူ့မှာ ၆.၅၃ လက်မ HD+ 20:9 Dot Drop မျက်နှာပြင် ထည့်သွင်းထားပြီး MediaTek Helio G25 SoC မောင်းနှင်ထားပါတယ်။ 4GB RAM နဲ့ Android 10 အခြေပြု MIUI 12 ပါပါတယ်။ အနောက်ဘက်မှာ 13MP နဲ့ အရှေ့ဘက်မှာ 5MP ကင်မရာ ၁ လုံးစီ ထည့်ထားပြီး အနောက်ဘက်မှာ လက်နဲ့ ကိုင်လို့ မြဲမြံစေတဲ့ Aura 360 ဒီဇိုင်း ဖြစ်ပါတယ်။ လက်ဗွေရာ မကျန်အောင် ဖန်တီးထားပါတယ်။

Redmi 9i specifications

• 6.53-inch (1600 x 720 pixels) HD+ 20:9 IPS LCD Dot Drop screen
• 2GHz Octa Core MediaTek Helio G25 processor with IMG PowerVR GE8320 GPU
• 4GB LPDDR4x RAM, 64GB / 128GB (eMMC 5.1) storage, expandable memory up to 512GB with microSD
• Dual SIM (nano + nano + microSD)
• Android 10 with MIUI 11, upgradable to MIUI 12
• 13MP rear camera with LED flash, f/2.2 aperture
• 5MP front camera, f/2.2 aperture, face unlock
• 3.5mm audio jack, FM Radio
• Dimensions: 164.9×77.07×9mm; Weight: 194g
• Splash proof (P2i coating)
• Dual 4G VoLTE, Wi-Fi 802.11 b/g/n, Bluetooth 5, GPS + GLONASS, micro USB
• 5000mAh battery with 10w charging

Redmi 9i အတွက် Midnight Black , Sea Blue နဲ့ Nature Green ၃ ရောင် ထုတ်လုပ်ထားပြီး 4/64GB ကို ၈၂၉၉ ရူပီးနဲ့ 4/128GB ကို ၉၂၉၉ ရူပီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁ သိန်းခွဲနဲ့ ၁ သိန်း ၇ သောင်းလောက် အသီးသီး ကျသင့်မှာ ဖြစ်ပြီး ၁၈ ရက်နေ့ ရောင်းမှာပါ။

Ref : fonearena

%d bloggers like this: