တောင်ကိုရီးယားမှာ စံချိန်တင် ရောင်းနေရတဲ့ Samsung Galaxy Z Fold2

Samsung Galaxy Z Fold2 ဟာ ၂၀၂၀ ရဲ့ ဈေးအကြီးဆုံးနဲ့ ဒီဇိုင်း အလန်းဆုံး စမတ်ဖုန်း ၁ လုံး ဖြစ်ပြီး အခုတော့ မိခင် တောင်ကိုရီးယား နိုင်ငံမှာ ကြိုတင်မှာယူမှုတွေကို လက်ခံလိုက်ပါပြီ။ ၂၅ သိန်းလောက်ရှိပေမယ့် ကပ်ရောဂါ ကာလမှာတောင် စံချိန်တင်ရောင်းချနေရပါတယ်။ ကြိုတင်မှာယူတဲ့ အရေအတွက် ၅ သောင်းကျော်တောင် ရှိပြီး စံချိန်တင်ရောင်းအား ဖြစ်တယ်လို့ သိရပါတယ်။ ကြိုတင်မှာယူထားသူတွေကို မနက်ဖြန် ပို့ဆောင်ပေးမှာ ဖြစ်ပြီး လာမယ့် သောကြာနေ့မှာ Open ရောင်းပေးမှာပါ။

သူ့မှာ ၇.၆ လက်မ QXGA+ Infinity-O Dynamic AMOLED မျက်နှာပြင်၊ 120Hz Refresh Rate ၊ Ultra Thin Glass တွေ ထည့်သွင်းထားပါတယ်။ အပြင်ဘက်မှာ ၆.၂ လက်မ HD+ SuperAMOLED Infinity Flex မျက်နှာပြင် တပ်ဆင်ထားပါတယ်။

Flex Mode နဲ့ App Continuity လုပ်ဆောင်ချက်တွေကြောင့် Cover နဲ့ Main Screen ကို ပေါင်းစပ် သုံးရတာ မိုက်ပါတယ်။ Multi-active Window က ပိုကောင်းလာပြီး App တွေကို ဘေးတိုက်ယှဉ်သုံးနိုင်သလို App ၁ ခုထဲက ဖိုင်များစွာကို တစ်ပြိုင်နက် ဘေးချင်းယှဉ် ကြည့်နိုင်ပါတယ်။ Multi-window Tray ကိုလည်း အဆင့်မြှင့်ထားပါတယ်။

Samsung Galaxy Z Fold2 specifications

• 7.3-inch (2208 x 1768 pixels) QXGA+ 22.5:18 Infinity-O Dynamic AMOLED 2x main display, 6.2-inch (2260 x 816 pixels) 25:9 HD+ Super AMOLED Infinity Flex cover display
• Octa-Core Qualcomm Snapdragon 865+ 7nm Mobile Platform with Adreno 650 GPU
• 12GB LPDDR5 RAM, 256GB / 512GB (UFS 3.1) storage
• Android 10 with One UI 2.5
• Dual SIM (nano + eSIM)
• 12MP rear camera with LED Flash, f/1.8 aperture, PDAF, OIS, 12MP Telephoto lens with f/2.4 aperture, PDAF, OIS, 2x optical zoom, up to 10x digital zoom, 12MP 120° Ultra Wide sensor with f/2.2 aperture
• 10MP cover and 10MP front-facing camera with f/2.2 aperture
• Stereo speakers tuned by AKG, Dolby Atmos
• Side-mounted Fingerprint Sensor
• Dimensions Folded: 68.0 x 159.2 x13.8~16.8mm, Unfolded: 128.2 x 159.2 x 6.0~6.9mm; Weight: 282g
• 5G SA/NSA, Sub6 / mmWave, Dual 4G VoLTE, Wi-Fi 802.11ax (2.4/5GHz), HE80, MIMO, 1024-QAM, Bluetooth 5, GPS with GLONASS, USB Type-C (Gen 3.2), NFC, MST
• 4500mAh battery with 25W wired and 11W wireless (WPC and PMA) charging

Ref : gizmochina

%d bloggers like this: