5G ပါတဲ့ Sony Xperia 5 II ကို TENAA မှာ တွေ့လာရပြီ

Sony Xperia 5 II ရဲ့ သတင်းတွေ ခပ်စိပ်စိပ် ထွက်လာတဲ့အတွက် မကြာခင် ကြေညာတော့မယ်လို့ ထင်ပါတယ်။ အခုလည်း သူ့ကို တရုတ်က TENAA မှာ မှတ်ပုံတင်လိုက်ပြီ ဖြစ်တဲ့အတွက် တရားဝင် မြင်ရဖို့ ပိုနီးသထက် နီးလာပါပြီ။ Sony က ထုတ်ကုန် အသစ် မိတ်ဆက်ပွဲကို ၁၇ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပြီး #SonyXperia Hashtag ကို သုံးထားတဲ့အတွက် ဖုန်း အသစ် ၁ လုံးကို ချပြမှာ သေချာပါတယ်။ ဖြစ်နိုင်ခြေရှိတဲ့ ဖုန်းက Xperia 5 II ပါ။ မကြာခင်က သူ့ရဲ့ ဗီဒီယို ၁ ခု ထွက်လာပါတယ်။ ဗီဒီယိုမှာ 120Hz Refresh Rate နဲ့ 240Hz Touch Response Rate ပါတဲ့အတွက် ဂိမ်း ကစားရင်း အရမ်းကောင်းတယ်ဆိုတာ ပြသထားပါတယ်။ ရုပ်ရှင်၊ ဗီဒီယိုနဲ့ သီချင်းတွေ ကြည့်ရှု နားဆင်ရင်လည်း လန်းတယ်ဆိုတာ ပြောပြထားပါတယ်။

ဒီလို ကောင်းမွန်အောင် အရှေ့ကို မျက်နှာမူထားတဲ့ စတီရီယို စပီကာ ၂ လုံးနဲ့ ဂိမ်းကစားရင် ချောမွတ်စေတဲ့ ဆော့ဖ်ဝဲတွေ ထည့်သွင်းထားပါတယ်။ ဓါတ်ပုံနဲ့ ဗီဒီယို ရိုက်ရင်လည်း ရှယ်လန်းမယ်လို့ ဆိုထားပါတယ်။

မကြာခင်က သူ့ရဲ့ ဓါတ်ပုံနဲ့ Specs အပြည့်အစုံ ထွက်ပေါ်လာပါတယ်။ သူ့မှာ ၆.၁ လက်မ 21:9 Cinema Wide FHD+ HDR မျက်နှာပြင်ပါလာမယ့်အတွက် မျက်နှာပြင် အရှည် ဒီဇိုင်းက ရုပ်ရှင်တွေ ကြည့်ရင် အရမ်း ကောင်းမှာပါ။

Sony Xperia 5 II rumoured specifications

• 6.1-inch Full HD+ OLED HDR Display with 21:9 aspect ratio, 120Hz refresh rate
• Octa-Core Qualcomm Snapdragon 865 7nm Mobile Platform with Adreno 650 GPU
• 8GB RAM, 128GB internal memory, expandable memory up to 1TB via microSD card
• Android 10
• Hybrid Dual SIM (nano + nano / microSD)
• 12MP rear camera with Exmor RS sensor, f/1.7 aperture, Hybrid OIS/EIS, ZEISS optics, 12MP f/2.2 aperture 124° ultra wide-angle, 12MP f/2.4 aperture telephoto lens, Hybrid OIS/EIS, 3x optical zoom
• 8MP front-facing camera
• 3.5mm audio jack, Stereo speakers
• Side-mounted Fingerprint sensor
• Water Resistant (IP65/IP68)
• Dimensions: 158 x 68 x 8mm
• 5G (sub-6GHz) / 4G VoLTE, Wi-Fi 802.11 ac (2.4GHz / 5GHz) 2 x 2 MIMO, Bluetooth 5.1, GPS/ GLONASS, NFC, USB 3.1 Type-C
• 4000mAh Battery with USB-PD fast charging

Ref : fonearena

%d bloggers like this: