Google က Pixel 5 ကို ဒီလ ၃၀ ရက်နေ့ ကြေညာမယ်လို့ အတည်ပြု

Google က ဒီလ ၃၀ ရက်နေ့မှာ ထုတ်ကုန် အသစ် မိတ်ဆက်ပွဲ ပြုလုပ်မယ်လို့ ကြေညာလိုက်ပါတယ်။ အွန်လိုင်းကနေ ကျင်းပမှာ ဖြစ်ပြီး Pixel 5 ကို ကြေညာနိုင်ပါတယ်။ သူနဲ့အတူ Pixel 4a 5G နဲ့ Android TV Dongle အသစ်ကို မြင်ရနိုင်ပါတယ်။

Pixel 5 ရဲ့ ပေါက်ကြားသတင်းတွေထွက်နေတာ ကြာပါပြီ။ သူ့မှာ ၆ လက်မ 90Hz OLED မျက်နှာပြင်ပါလာမယ်လို့ သတင်းထွက်နေပြီး အရည်အသွေးက FullHD+ ဖြစ်ပါတယ်။ သူ့မှာ Snapdragon 765G Chipset ပါမယ်လို့ အရင်က သတင်းထွက်ခဲ့ပြီး 8GB RAM , 128GB Storage နဲ့ Android 11 ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၂ လုံး ထည့်သွင်းထားမှာ ဖြစ်ပြီး ၁ လုံးက Wide နဲ့ နောက် ၁ လုံးက Ultrawide Angle တို့ ဖြစ်ပါတယ်။ Ultrawide Angle ကင်မရာ ပါတဲ့ Google ရဲ့ ပထမဆုံး ဖုန်း ဖြစ်လာမှာပါ။

3080mAh ဘက်ထရီ ပါလာမယ်လို့ အရင်က သတင်းထွက်ခဲ့ပေမယ့် Android Central က မဟုတ်ဘူးလို့ ပြောပါတယ်။ 15W Qi Wireless Charging နဲ့ 5W Reverse Wireless Charging တွေ ပါလာနိုင်ပြီး ဈေးနှုန်းကို မသိရသေးပါဘူး။ လက်ရှိမှာ သူ့ရဲ့ သတင်းအချက်အလက်တွေကို ဒီလောက်ပဲသိရသေးပြီး နောက်ပိုင်းမှာ ပိုသိလာရတော့မှာပါ။

Ref : gsmarena

%d bloggers like this: