realme 7 Pro ကို အိန္ဒိယမှာ ဒီနေ့ ရောင်းပြီ

အိန္ဒိယမှာ realme 7 နဲ့ 7 Pro ကို ဒီလ အစောပိုင်းက ကြေညာခဲ့ပြီး အခုတော့ 7 Pro ကို ဒီနေ့မှာ ပထမဆုံး အကြိမ် ရောင်းချပေးတော့မှာပါ။ Flipkart နဲ့ realme.com တို့ကနေ ဝယ်ယူနိုင်မှာပါ။ 6/128GB နဲ့ 8/128GB တွေ ရွေးချယ်နိုင်ပြီး ၁၉,၉၉၉ နဲ့ ၂၁,၉၉၉ ရူပီး အသီးသီး သတ်မှတ်ထားပါတယ်။ ၃ သိန်း ၆ သောင်းနဲ့ ၄ သိန်းလောက် အသီးသီး ကျသင့်မှာ ဖြစ်ပြီး Mirror Blue နဲ့ Mirror Silver ၂ ရောင် ထုတ်လုပ်ထားပါတယ်။

realme 7 Pro မှာ ၆.၄ လက်မ Full HD+ Super AMOLED မျက်နှာပြင်နဲ့ 60Hz Refresh Rate ထည့်သွင်းထားပါတယ်။ Snapdragon 720G SoC မောင်းနှင်ထားပါတယ်။ အရှေ့ဘက်မှာ 32MP Punch Hole ကင်မရာနဲ့ အနောက်ဘက်မှာ 64MP Main , 8MP Ultrawide, 2MP Macro နဲ့ 2MP Depth ကင်မရာတွေ ထည့်ထားပါတယ်။

တန်ဖိုးကြီး X Series တွေမှာပဲ ထည့်ပေးထားတဲ့ 65W SuperDart Charging ပါလာတာက အရမ်းမိုက်ပြီး 7 Pro ရဲ့ 4,500mAh ဘက်ထရီကို ၃၄ မိနစ်အတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်တယ်လို့ realme က ကြေညာထားပါတယ်။

realme 7 Pro specifications

• 6.6-inch (2400 × 1080 pixels) 20:9 Full HD+ Super AMOLED screen, up to 600 nits brightness, 98% NTSC color gamut
• Octa Core Snapdragon 720G 8nm Mobile Platform (Dual 2.3GHz Kryo 465 A76 + Hexa 1.8GHz Kryo 465 A55 CPUs) with Adreno 618 GPU
• 6GB / 8GB LPPDDR4x RAM with 128GB (UFS 2.1) storage, expandable memory up to 256GB with microSD
• Dual SIM (nano + nano + microSD)
• Android 10 with realme UI
• 64MP rear camera with 1/1.73″ Sony IMX682 sensor, 0.8μm pixel size, f/1.7 aperture, LED flash, UIS/UIS Max, 8MP 119° ultra-wide angle lens with f/2.3 aperture, 2MP B&W portrait camera and 2MP 4cm macro sensor with f/2.4 aperture
• 32MP front camera with f/2.5 aperture
• In-display fingerprint sensor
• 3.5mm audio jack, Stereo speakers, Dolby Atmos, Hi-Res Audio
• Dimensions: 160.9×75.4×8.7mm; Weight: 182g
• Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), Bluetooth 5, Dual Frequency (L1 + L5) GPS, NavIC, USB Type-C
• 4500mAh (typical) battery with 65W VOOC SuperDart Charge fast charging, 18W PD/QC charge

Ref : gsmarena, fonearena

%d bloggers like this: