Google က Android 11 (Go edition) ကို ကြေညာ

Google က မကြာသေးခင်ကပဲ Android 11 Stable Version ကို စတင် ဖြန့်ချိပေးလိုက်ပြီ ဖြစ်ပါတယ်။ အခုတော့ Android 11 (Go Edition ) အလှည့်ရောက်လာပါပြီ။ Go Edition ဟာ 2GB RAM လောက်ပဲ ပါတဲ့ စွမ်းရည်နိမ့် ဖုန်းတွေအတွက် ရည်ရွယ်ဖန်တီးထားတာပါ။ Android 10 (Go Edition) ထည့်သွင်းထားတဲ့ စမတ်ဖုန်း အဟောင်းတွေဟာ Android 11 (Go Edition) ကို ရရှိမှာ ဖြစ်ပေမယ့် ဖုန်း စာရင်း အတိအကျကို မသိရသေးပါဘူး။

Android 11 ရဲ့ အဓိက လုပ်ဆောင်ချက်တွေထဲက တချို့ကို Go Edition မှာ ထည့်သွင်းပေးထားပါတယ်။ အဲဒါတွေထဲမှာ Chat Apps တွေအတွက် Grouped Notifications နဲ့ ကင်မရာ ၊ မိုက်ကရိုဖုန်းနဲ့ တည်နေရာအတွက် One-time Permissions ဖြစ်ပါတယ်။

Google က App ဖွင့်တဲ့အခါ ၂၀ ရာခိုင်နှုန်း ပိုမြန်လာပြီး Swipe-based Gesture Navigation System ပါမယ်လို့ ပြောပါတယ်။ နောက်ထပ် အသစ်ပါလာတာက Google Files App ထဲမှာ ကိုယ်ရေးကိုယ်တာ ဖိုင်တွေကို PIN နဲ့ ဖွက်ထားနိုင်တဲ့ Safe Folders ဖြစ်ပါတယ်။ အခုဆိုရင် Android Go ကို ထည့်သွင်း အသုံးပြုနေတဲ့ User ပေါင်း ကမ္ဘာအဝန်းမှာ သန်း ၁၀၀ ကျော်ရှိနေပါပြီ။

Ref : gsmarena

%d bloggers like this: