Xiaomi က ဖုန်း ကင်မရာ ကနေ နှလုံးခုန်နှုန်း တိုင်းတာတဲ့ နည်းပညာကို ဖြန့်ချိ

Xiaomi က Mi Health App ကို ၂၀၁၉ မှာ မိတ်ဆက်ခဲ့ပြီး နှလုံးခုန်နှုန်း၊ ခြေလှမ်း၊ BMI ၊ လေ့ကျင့်ခန်း စတဲ့ ကျန်းမာရေး ဒေတာတွေကို တွက်ချက်ပေးနိုင်ပါတယ်။ အခုတော့ Mi Health Version 2.7.4 မှာ အပို ဆန်ဆာတွေ မလိုအပ်ဘဲ ဖုန်း ကင်မရာနဲ့ နှလုံးခုန်နှုန်း တိုင်းတာပေးတဲ့ နည်းပညာကို ထည့်သွင်းပေးလိုက်ပါတယ်။

ဖုန်း ကင်မရာ ကနေ နှလုံးခုန်နှုန်း တိုင်းတာတဲ့နည်းလမ်းက လွယ်ကူပါတယ်။ လက်ချောင်းကို ကင်မရာ အပေါ်မှာ တင်လိုက်တာနဲ့ စက္ကန့်ပိုင်းအတွင်းမှာ နှလုံးခုန်နှုန်းကို တွက်ချက်ပေးမှာပါ။ (ပြီးရင်တော့ ကင်မရာမှာ လက်ရာ မကျန်အောင် သန့်ရှင်းပေးပါ။ ) ပြီးရင် General Status, Resting Stare, or After Exercise ထဲက သင့် အခြေအနေကို ရွေးပေးပါ။ အဲဒါဆိုရင် Test Report မှာ နှလုံးခုန်နှုန်း နှေးနေသလား၊ သာမာန်လား ၊ မြန်နေသလား ဆိုတာ ပြသပေးမှာပါ။

သင့် နှလုံးခုန်နှုန်း‌ ဒေတာတွေကို App ရဲ့ Dashboard မှာ မှတ်တမ်းတင်ထားပေးမှာ ဖြစ်ပြီး သင့် နှလုံးကျန်းမာရေးကို အမြဲ စောင့်ကြည့်နိုင်မှာပါ။ အဲဒီ Version ကို Play Store မှာ မတင်ထားသေးတဲ့အတွက် သုံးချင်ရင် APK ကို ဒီလင့်မှာ ရယူနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: