Huawei Watch GT RS ကို Mate 40 Series နဲ့ အတူ ကြေညာနိုင်

Huawei က စွမ်းရည်မြင့် Sports Mode နဲ့ Wireless Charging ပါတဲ့ Watch GT 2 Pro ကို ပြီးခဲ့တဲ့ ရက်အနည်းငယ်က ကြေညာခဲ့ပါတယ်။ အဲဒီ စမတ်နာရီဟာ Huawei ရဲ့ အရင်ထုတ်ခဲ့တဲ့ စမတ်နာရီတွေထက် ဈေးပိုကြီးပြီး ၃၂၉ ယူရိုတောင်ရှိတဲ့အတွက် ၅ သိန်း ၂ သောင်းလောက်ရှိပါတယ်။ Huawei က ဒါနဲ့တင် မကျေနပ်နိုင်သေးပါဘူး။ ဒီထက် ဈေးပိုကြီးတဲ့ Huawei Watch GT RS ကို ချပြဖို့ ရှိနေပါတယ်။


နာမည်ကျော် Leaker Teme က Huawei ဟာ Mate 40 Series နဲ့အတူ ပိုဈေးကြီးတဲ့ Watch GT RS ကို ချပြမယ်လို့ သတင်းပေးလာပါတယ်။

အဲဒီ စမတ်နာရီ အသစ်ရဲ့ Specs တွေကို လက်ရှိမှာ မသိရသေးပေမယ့် Wireless Charging ၊ သွေးတွင်း အောက်ဆီဂျင် ပမာဏ တိုင်းတာတဲ့ စွမ်းရည်နဲ့ စွမ်းရည်မြင့် Sports Mode တွေ ပါလာနိုင်ပါတယ်။ နှလုံးခုန်နှုန်း တိုင်းတာပေးတဲ့ ECG လည်း ထည့်သွင်းထားနိုင်ပါတယ်။ သူ့ကို ၃၉၉ ယူရိုနဲ့ ရောင်းနိုင်တဲ့အတွက် ၆ သိန်း ၃ သောင်းလောက်တောင် ကျသင့်မှာပါ။

Ref : gizmochina

%d bloggers like this: