108MP ကင်မရာ ပါလာမယ့် Xiaomi Mi 10T Pro

Xiaomi Mi 10T နဲ့ 10T Pro ကို Amazon Spain မှာ တွေ့လာတဲ့အတွက် တရုတ် ပြင်ပမှာ ရောင်းမှာပါ။ Mi 10T ကို ၅၅၀ ယူရို သတ်မှတ်ထားပြီး Snapdragon 865 , 6GB RAM နဲ့ 128GB Storage ထည့်ထားပါတယ်။ ပင်မ ကင်မရာက 64MP ဖြစ်ပါတယ်။ Pro မှာလည်း အဲဒီ Chipset ပဲ သုံးထားပေမယ့် ပင်မ ကင်မရာက 108MP ဖြစ်ပါတယ်။ 8/128GB ကို ၆၄၀ ယူရို သတ်မှတ်ထားပြီး 256GB ကို လိုချင်ရင် ၂၅ နဲ့ ၃၅ ယူရို အပိုပေးရမှာပါ။

ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က Mi 10T Pro ရဲ့ ဓါတ်ပုံတွေ ထွက်ခဲ့ဖူးပေမယ့် ကြည်လင်ပြတ်သားမှူ မရှိပါဘူး။ အခုထွက်လာတဲ့ ဓါတ်ပုံတွေက ပိုကြည်လင်ပြတ်သားပါတယ်။ အနောက်ဘက်မှာ 108MP ကင်မရာ စာသားကို ရှင်းရှင်းလင်းလင်း မြင်ရပါတယ်။

လက်ဗွေရာ ကိရိယာကို ဘယ်ဘက်ခြမ်းမှာ တပ်ဆင်ထားပြီး LCD မျက်နှာပြင်နဲ့ 144Hz Refresh Rate ပါမယ်လို့ သတင်းထွက်နေပါတယ်။ Mi 10 မော်ဒယ် အများစုမှာ OLED နဲ့ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာတွေ ထည့်ထားတာပါ။ Mi 10T Pro မှာ 5G ဆက်သွယ်မှု ထောက်ပံ့ထားမှာပါ။

Ref : gsmarena

%d bloggers like this: