ဝန်ထမ်းတွေအတွက် အထူးထုတ် Face Mask တွေ ဖန်တီးပေးလိုက်တဲ့ Apple

Apple ဟာ နည်းပညာ အသစ်တွေကို ဖန်တီး ရောင်းချတဲ့ ကုမ္ပဏီကြီး ဖြစ်သလို အခုလည်း သူ့ ဝန်ထမ်းတွေအတွက် ရိုးရိုး Surgical Mask တွေ မသုံးစေဘဲ အထူးထုတ် Face Mask တွေကို ဖန်တီးပေးလိုက်ပါတယ်။ Face Mask ၂ မျိုး ထုတ်လုပ်ထားပြီး ၁ ခုက အကြည်ရောင် Clear Mask ဖြစ်ပါတယ်။ ဝတ်ဆင်ထားသူရဲ့ မျက်နှာ ၁ ခုလုံးကို မြင်ရတဲ့အတွက် သူတို့ ပြောတာတွေကို နားမကြားသူတွေ ၊ အကြားအာရုံ မကောင်းသူတွေက ပိုနားလည်ပါတယ်။

Clear Mask ကို Apple ဟာ နားမကြားသူတွေ၊ အကြားအာရုံ မကောင်းသူတွေကို ပညာ သင်ကြားပေးနေတဲ့ University of Washington Gallaudet နဲ့ ပူးပေါင်း ဖန်တီးထားတာပါ။ Apple ဟာ စတိုး ၃ ခုမှာ ဝန်ထမ်းတွေနဲ့ အဲဒီ Mask ကို စမ်းသပ်ခဲ့ပြီးပြီ ဖြစ်ပြီး ဒီလို အကြည် Mask ကို ကိုယ်တိုင် ဖန်တီးဖို့ စီစဉ်နေပါတယ်။

နောက် ၁ ခုကို Apple Face Mask လို့ နာမည်ပေးထားပြီး iPhone , iPad တွေ ဒီဇိုင်းထုတ်တဲ့ အင်ဂျင်နီယာ အဖွဲ့က ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒီဇိုင်းက လူအများသုံးနေတဲ့ Surgical Mask တွေထက် ဆန်းသစ်ပြီး အလွှာ ၃ ခု ပါပါတယ်။ မျက်နှာ အရွယ်အစားအလိုက် ကြိုးကို ချိန်ညှိနိုင်တဲ့အတွက် ပိုအဆင်ပြေပါတယ်။ Apple က အမှုန်အမွှားတွေ မဝင်နိုင်အောင် အထူး သုတေသနပြု ဖန်တီးထားတယ်လို့ ပြောပါတယ်။ ၅ ခါလောက် ရေလျှော် ပြန်သုံးနိုင်ပြီး နောက် ၂ ပတ်အတွင်းမှာ ဝန်ထမ်းတွေအတွက် ပို့ဆောင်ပေးမှာပါ။ ရောင်းမှာ မဟုတ်တဲ့အတွက် Apple Fans တွေအတွက်တော့ ဝမ်းနည်းစရာပါ။

Ref : gizchina

%d bloggers like this: