၃ ရက်အတွင်းမှာ အလုံးရေ ၁ သိန်းကျော် ရောင်းချနိုင်ခဲ့တဲ့ Poco X3 NFC

ပြီးခဲ့တဲ့ ၁ ပတ်လောက်က ကြေညာခဲ့တဲ့ Poco X3 NFC ကို စတင် ရောင်းချတဲ့ နေ့မှာ မိနစ် ၃၀ အတွင်း အလုံးရေ ၁ သောင်း ရောင်းချနိုင်ခဲ့တဲ့ သတင်းတွေ မကြာခင်က တက်လာခဲ့ပါတယ်။ အခုတော့ ၃ ရက်အတွင်းမှာ အလုံးရေ ၁ သိန်းကျော် ရောင်းချနိုင်ပြီလို့ သိရတဲ့အတွက် ရောင်းအား အရမ်း လန်းနေပါတယ်။ သူ့ကို Xiaomi ကိုယ်ပိုင်စတိုး၊ Amazon ၊ Banggood ၊ Gearbest နဲ့ အရှေ့တောင်အာရှရဲ့ နာမည်ကြီး အွန်လိုင်းစတိုး Shopee တို့ကနေလည်း ရောင်းပေးထားပါတယ်။


Shadow Gray နဲ့ Cobalt Blue ၂ ရောင် ထုတ်လုပ်ထားပြီး 6/64GB ကို ၁၉၉ ဒေါ်လာ၊ 6/128GB ကို ၂၄၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၂ သိန်း ၆ သောင်းနဲ့ ၃ သိန်း ၃ သောင်းလောက် အသီးသီး ကျသင့်မှာ ဖြစ်ပါတယ်။

သူ့မှာ ၆.၆၇ လက်မ Full HD+ မျက်နှာပြင် ထည့်သွင်းထားပြီး 120Hz Refresh Rate နဲ့ 240Hz Touch Sampling Rate ပါတဲ့အတွက် မျက်နှာပြင် တုန့်ပြန်မှု အရမ်းလန်းမှာပါ။ Snapdragon 732G SoC မောင်းနှင်ထားပြီး Liquid Cooling 1.0j Plus ပါတဲ့အတွက် ဂိမ်းကစားရင် အပူချိန် မများအောင် ပြုလုပ်ပေးနိုင်ပါတယ်။

Android 10 အခြေပြု MIUI 12 ပါလာပြီး 64MP အပါအဝင် အနောက်ကင်မရာ ၄ လုံး ထည့်ထားပါတယ်။ အရှေ့ ကင်မရာ ၁ လုံးပါလာပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပါတယ်။ 33W Fast Charging ထောက်ပံ့ထားတဲ့ 5160mAh ဘက်ထရီ ထည့်ထားပြီး ၆၅ မိနစ်အတွင်းမှာ ၀ ကနေ ၁၀၀ ရာခိုင်နှုန်းအားသွင်းပေးနိုင်ပါတယ်။

POCO X3 NFC specifications

• 6.67-inch (1080 × 2400 pixels) Full HD+ 20:9 LCD screen with 120Hz refresh rate, HDR10, Corning Gorilla 5 protection
• Octa Core (2.3GHz Dual + 1.8GHz Hexa Kryo 470 CPUs) Snapdragon 732G 8nm Mobile Platform with Adreno 618 GPU
• 6GB LPDDR4X RAM with 64GB / 128GB (UFS 2.1) storage, expandable memory up to 256GB
• Android 10 with MIUI 12
• Hybrid Dual SIM (nano + nano / microSD)
• 64MP rear camera with LED Flash, Sony IMX682 sensor, f/1.89 aperture, 13MP 119° ultra-wide sensor with 1.12μm, f/2.2 aperture, 2MP depth and 2MP 4cm macro sensor with 1.75μm, f/2.4 aperture
• 20MP front-facing camera with f/2.2 aperture
• Side-mounted fingerprint sensor, IR sensor
• 3.5mm audio jack, Stereo speakers
• Splash resistant (IP53)
• Dimensions: 165.3×76.8×9.4mm; Weight: 215g
• Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), VoWiFi, Bluetooth 5, GPS/GLONASS/Beidou, USB Type-C, NFC
• 5160mAh battery with 33W fast charging

Ref : fonearena

%d bloggers like this: