Apple လည်း Foldable iPhone ထုတ်တော့မလား?

Android Foldable စမတ်ဖုန်းတွေ ထွက်နေပြီ ဖြစ်ပေမယ့် Apple iPhone က နောက်ကောက်ကျနေပါသေးတယ်။ ဒါပေမယ့် Apple ကလည်း အငြိမ် မနေပါဘူး။ ၂၀၁၇ ခုနှစ်ကတည်းက Apple ဟာ Foldable iPhone ဖန်တီးနေတယ်ဆိုတဲ့ သတင်းတွေထွက်ခဲ့တာပါ။

အခုလည်း Ice Universe က Apple ဟာ Foldable မျက်နှာပြင်တွေ ထုတ်လုပ်ပေးဖို့ Samsung နဲ့ စကားပြောနေတယ်လို့ ပြောပါတယ်။ ၂၀၁၉ ခုနှစ် အစောပိုင်းမှာ Apple Foldable iPhone ရဲ့ Patent တွေ ထွက်ပေါ်လာခဲ့ဖူးပါတယ်။ Apple ရဲ့ ဒီဇိုင်းတွေမှာတော့ ထက်ဝက် ခေါက်ချိုးအသုံးပြုနိုင်တဲ့ ဖုန်းတလုံးကို တွေ့မြင်ရပါတယ်။ Samsung ဟာ တက်ဘလက်လိုပါ သုံးနိုင်တဲ့ အရွယ်ကြီး Foldable ဖုန်းတွေ အပြင် အရင်ခေတ်က ခေါက်ချိုးဖုန်းတွေလို ဒေါင်လိုက် ခေါက်ချိုးနိုင်တဲ့ Galaxy Z Flip ကို ဖန်တီးထားပါတယ်။ Apple ရဲ့ Foldable iPhone ဟာ Galaxy Z Flip နဲ့ သွားတူနေပါတယ်။

ဒီနှစ် ဇွန်လမှာ Foldable iPhone ဒီဇိုင်း အသစ် ၁ ခုထွက်လာပြီး Microsoft Surface Duo လို မျက်နှာပြင် ၂ ခုနဲ့ Hinge ပါတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ Apple က ဒီလို ဒီဇိုင်း ခပ်တုန်းတုန်းကို ထုတ်လုပ်မယ်လို့ မထင်မိပါဘူး။ Foldable မျက်နှာပြင်ပါတဲ့ ဒီဇိုင်းကိုပဲ Apple ထုတ်လုပ်နိုင်ပါတယ်။

Apple ဟာ နောက် ၁ ပတ်မှာ ထုတ်ကုန် မိတ်ဆက်ပွဲ ကျင်းပမှာ ဖြစ်ပြီး iPhone 12 Series ၄ လုံး၊ Apple Watch ၊ iPad Air ၊ HomePod Speaker ၊ Apple TV အသစ်တွေကို ကြေညာနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: