Motorola Razr 5G ကို တရုတ်မှာ ၂၄ သိန်းနဲ့ ရောင်းပြီ

Motorola က အရင်နှစ်ထုတ် Razr Foldable စမတ်ဖုန်းရဲ့ မျိုးဆက်သစ်ကို ပြီးခဲ့တဲ့ ရက်အနည်းငယ်က ကြေညာခဲ့ပါတယ်။ Razr 5G လို့ နာမည်ပေးထားပြီး 5G နဲ့ အဆင့်မြှင့်ထားပါတယ်။ အခုတော့ သူ့ကို တရုတ်မှာ ကြေညာလိုက်ပြီ ဖြစ်ပြီး ၁၂,၄၉၉ ယွမ် သတ်မှတ်ထားပါတယ်။ ဒီဇိုင်းလန်းသလို ဈေးကလည်း လန်းပြီး ၂၄ သိန်းလောက် တန်ကြေးရှိပါတယ်။ Lenovo ရဲ့ တရုတ် ဝက်ဘ်ဆိုက်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဒီလ ၁၅ ရက်နေ့ ရောင်းမှာပါ။ Blush Gold နဲ့ Polished Graphite ၂ ရောင် ရွေးချယ်နိုင်ပါတယ်။

Razr 5G ရဲ့ Specs တွေကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ ပင်မ ၆.၂ လက်မ Flexible OLED မျက်နှာပြင်ကို ထက်ဝက် ခေါက်ချိုးနိုင်ပြီး Motorola က ခေါက်ချိုး အဆက် ဒီဇိုင်းကို ပိုကောင်းအောင် ပြုလုပ်ထားသလို လက်တစ်ဖက်ထဲနဲ့ သုံးရတာ လွယ်ကူစေတယ်လို့ ပြောပါတယ်။ အကြိမ်ပေါင်း ၂ သိန်းအထိ ခေါက်ချိုးနိုင်အောင် စမ်းသပ်ထားပြီး ကာကွယ်ရေး အလွှာ ၁ ထပ်က ခြစ်ရာတွေကို ခံနိုင်ပါတယ်။ ရေစက်ရေပေါက်နဲ့ မိုးရေတွေ ခံနိုင်အောင်လည်း ဖန်တီးထားပါတယ်။

အပြင်ဘက်မှာ ၂.၇ လက်မ OLED Quick View မျက်နှာပြင် ထည့်သွင်းထားပြီး Gesture Navigation တွေ သုံးရတာ ပိုကောင်းလာပါတယ်။ စာပြန်ဖို့ Full Keyboard ကို သုံးလို့ရလာသလို App တွေ ပိုထောက်ပံ့လာပါတယ်။

7000 Series အလူမီနီယမ် ကိုယ်ထည်၊ Gorilla Glass 5 ၊ Stainless Steel အဆက်တွေနဲ့ တည်ဆောက်ထားတဲ့အတွက် ဒီဇိုင်းက လန်ထွက်နေပါတယ်။ အပြင်ဘက်မှာ 48MP ပင်မ ကင်မရာနဲ့ အတွင်းဘက်မှာ 20MP ကင်မရာ ထည့်ပေးထားပါတယ်။ အနောက်ဘက်က Motorola Logo နဲ့အတူ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး 15W TurboPower Charging ထောက်ပံ့ထားပါတယ်။

Motorola Razr 5G specifications

• 6.2-inch (2142 x 876 pixels) HD+ 21:9 Cinemavision foldable pOLED screen, external 2.7-inch (600 x 800 pixels) SD 4:3 gOLED screen
• Octa Core (1 x 2.4GHz + 1 x 2.2GHz + 6 x 1.8GHz Kryo 475 CPUs) Snapdragon 765G 7nm EUV Mobile Platform with Adreno 620 GPU
• 8GB (LPPDDR4x) RAM, 256GB storage
• Android 10
• Dual SIM (1 Nano SIM + 1 eSIM)
• 48MP rear camera with LED flash, OIS, laser autofocus, f/1.7 aperture
• 20MP front-facing camera with f/2.2 aperture
• Rear-mounted fingerprint sensor
• Dimensions: 169.2 x 72.6 x 7.9mm (Unfolded), 91.7 x 72.6 x 16mm (folded); Weight: 192g
• Water-repellent design
• Bottom-ported speaker, 4 Microphones
• 5G SA/NSA, Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), Bluetooth 5, GPS + GLONASS, NFC, USB 3.0 Type-C
• 2800mAh battery with 15W TurboPower fast charging

Ref : fonearena

%d bloggers like this: