SD730G နဲ့ 5,000mAh ဘက်ထရီ ပါတဲ့ Moto G9 Plus ကို ကြေညာပြီ

Motorola က ဘရာဇီးမှာ Moto G9 Plus ကို ကြေညာလိုက်ပါတယ်။ သူ့မှာ HDR10 မျက်နှာပြင်နဲ့ အနောက်ကင်မရာ ၄ လုံး ထည့်ထားပါတယ်။ ၆.၈ လက်မ Full HD+ MaxVision မျက်နှာပြင် ဖြစ်ပြီး ဘယ်ဘက်အထက်နားမှာ Punch Hole ပါလာပါတယ်။

Snapdragon 730G SoC , 4GB RAM နဲ့ 128GB Storage တွေ ထည့်ထားပြီး microSD Card စိုက်နိုင်ပါတယ်။ အနောက်ဘက်ကို ပလတ်စတစ်နဲ့ တည်ဆောက်ထားမယ်လို့ ထင်ပြီး Rose Gold နဲ့ Indigo Blue ၂ ရောင် ထုတ်လုပ်ထားပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာ ပါလာပြီး အလန်းဆုံး အစိတ်အပိုင်းက 30W TurboPower Fast Charging ပါတဲ့ အရွယ်ကြီး 5,000mAh ဘက်ထရီ ပါ။

Moto G9 Plus specifications

• Display: 6.8-inch (2400 x 1080 pixels) FHD+ MaxVision LCD with HDR10 support
• SoC: Octa-Core (2.2GHz Dual + 1.8GHz Hexa) Snapdragon 730G with Adreno 618 GPU
• RAM: 4GB LPDDR4x
• ROM: 128GB, expandable memory with microSD
• SIM: Dual SIM (nano + nano / nano+microSD)
• Cameras: Rear – 64MP (primary with f/1.8 aperture) + 8MP (118 ° ultra-wide with f/2.2 aperture) + 2MP (macro with f/2.2 aperture) + 2MP (depth with f/2.2 aperture)
• Front – 16MP with f/2.0 aperture
• Side-Mounted Fingerprint sensor
• Splash resistant (P2i coating)
• Dimensions: 170 x 78.1 x 9.7 mm; Weight:223g
• Connectivity: Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz +5GHz), NFC, Bluetooth 5.0, GPS + GLONASS, USB Type-C
• Battery: 5000mAh with 30W TurboPower fast charging
• Colors: Rose Gold and Indigo Blue

ဘရာဇီး real ၂,၄၉၉ သတ်မှတ်ထားပြီး ၆ သိန်း ၂ သောင်းလောက် ကျသင့်ပါတယ်။ ဘရာဇီးမှာ ရောင်းပေးလိုက်ပါပြီ။

Ref : fonearena

%d bloggers like this: