0 Shares 2146 Views

Android စနစ်သုံး Nokia စမတ်ဖုန်းနှင့် တက်ဘလက်တွေ ယခုနှစ်ကုန်ပိုင်းမှာ ထွက်ရှိမည်

Aug 21, 2016
0 2146

တစ်ချိန်က ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံးဖုန်းအမှတ်တံဆိပ်တစ်ခုဖြစ်ခဲ့တဲ့ Nokia ဟာ ယခုနှစ်ကုန်ပိုင်းမှာ စမတ်ဖုန်းလောကထဲ ပြန်လည်ဝင်ရောက်လာတော့မှာဖြစ်ပါတယ်။

Microsoft က ၀ယ်ယူထားတဲ့ Nokia မိုဘိုင်းကုမ္ပဏီကို Nokia ၀န်ထမ်းဟောင်းတွေ ဖွဲ့စည်းထားတဲ့ HDM ကုမ္ပဏီနဲ့ FIH Mobile ကုမ္ပဏီတို့က စုစုပေါင်း ကန်ဒေါ်လာ သန်း ၃၅၀ နဲ့ ပြန်လည်ဝယ်ယူလိုက်ပြီးနောက်မှာ Nokia တံဆိပ်ဖုန်းအသစ်တွေကို ဈေးကွက်ထဲ ပြန်မြင်ရတော့မှာဖြစ်ပါတယ်။

တရုတ်အခြေစိုက်သတင်းဌာနတစ်ခုဖြစ်တဲ့ The Paper မှာ ဖော်ပြထားချက်အရ၊ Nokia China ဥက္ကဌ Mike Wang က ယခုနှစ်၊ စတုတ္ထသုံးလပတ်အတွင်းမှာ Nokia တံဆိပ်နဲ့ ဖုန်းသုံးလေးမျိုးအသစ်ထွက်ရှိလာမှာဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့တယ်လို့ သိရပါတယ်။ စမတ်ဖုန်းတင်မဟုတ်ဘဲ တက်ဘလက်ပါ ထွက်ရှိလာမှာဖြစ်တယ်လို့ Mike Wang က ဖွင့်ဟခဲ့ပါတယ်။

Nokia တံဆိပ်ဖုန်းတွေကို ၂၀၁၆ ခုနှစ်၊ နောက်ဆုံးသုံးလပတ်အထိ မထုတ်ရဘူးလို့ Microsoft နဲ့ Nokia မိုဘိုင်းတို့ကြားမှာ သဘောတူညီချက်ရယူထားခဲ့ပေမယ့်၊ Nokia အနေနဲ့ တစ်ချိန်ကလက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ မိုဘိုင်းဖုန်းဈေးကွက်ထဲကို အမြန်ဆုံး ပြန်လည်ဝင်ရောက်ဖို့ စိတ်အားထက်သန်နေပုံပေါ်ပါတယ်။

Nokia ပရိတ်သတ်တွေသိထားသင်တဲ့တစ်ချက်ကတော့၊ အသစ်ထွက်ရှိမယ့် Nokia ဖုန်းနဲ့တက်ဘလက်တွေကို အရင်ကထုတ်လုပ်ခဲ့တဲ့ စက်ရုံဟောင်းတွေမှာ ပြန်လည်ထုတ်လုပ်မှာမဟုတ်ဘဲ၊ ဖင်လန်အခြေစိုက် HMD Global က တာဝန်ယူထုတ်လုပ်ပေးသွားမှာဖြစ်ပါတယ်။ HMD Global အနေနဲ့ Nokia တံဆိပ်ဖုန်းထုတ်လုပ်ခွင့်ကို နောက် ၁၀ နှစ်အထိ လိုင်စင်ရရှိပြီးသားပါ။

Android စနစ်နဲ့ ထွက်ရှိလာမယ့် Nokia ဖုန်းအသစ်တွေဟာ တစ်ချိန်က အောင်မြင်မှုတွေကို ပြန်လည်ယူဆောင်လာနိုင်မလားဆိုတာ ကတော့ စိတ်ဝင်စားဖွယ်ရာစောင့်ကြည့်ရမှာပါ။

Ref: Gadgets360

 

 

Facebook Comments

You may be interested

စက်ရုပ်တွေကို အများဆုံး အသုံးပြုနေတဲ့ တောင်ကိုရီးယား
NEWS, Science, Tech Update
0 shares0 views

စက်ရုပ်တွေကို အများဆုံး အသုံးပြုနေတဲ့ တောင်ကိုရီးယား

zayarsan - May 27, 2017

စက်ရုပ်များကို စက်ရုံများမှာ အသုံးချလာမှုဟာ အရှိန်အဟုန် မြင့်မားလာနေပါတယ်။ အဲဒီအထဲမှာ တောင်ကိုရီးယားကတော့ ကမ္ဘာမှာ စက်ရုပ် အများဆုံး အသုံးပြုတဲ့ နိုင်ငံ ဖြစ်ပါတယ်။ International Federation of Robotics ရဲ့ အဆိုအရ တောင်ကိုရီးယားဟာ ကုန်ထုတ်လုပ်မှု လုပ်ငန်းများမှာ ၀န်ထမ်း…

ပေါ့ပါးသွက်လက်တဲ့ Facebook Messenger Lite အကြောင်း သိကြောင်းစရာများ
FEATURES, Softwares & Application
0 shares0 views

ပေါ့ပါးသွက်လက်တဲ့ Facebook Messenger Lite အကြောင်း သိကြောင်းစရာများ

Ko Thuya - May 27, 2017

Facebook က Messenger ကို ဆက်သွယ်ရေး ကိရိယာ တစ်ခုထက်ပိုတဲ့ ၀န်ဆောင်မှု ပလက်ဖောင်းတစ်ခု အဖြစ် ဖန်တီးနေပါတယ်။ အမေရိကန်မှာ ဆိုရင် Messenger ကနေ ငွေပေးပို့နိုင်ပါပြီ။ Messenger ကနေ Uber အငှားယာဉ်ကို နိုင်ငံအချို့မှာ ခေါ်နိုင်ကြပါတယ်။ မကြာခင်ကလည်း…

Twitter App တစ်ခုသာ ထည့်ထားတဲ့ Donald Trump ရဲ့ iPhone
Mobiles & Tablets, NEWS, Security & Safety
0 shares5 views

Twitter App တစ်ခုသာ ထည့်ထားတဲ့ Donald Trump ရဲ့ iPhone

Ko Thuya - May 27, 2017

အမေရိကန် သမ္မတ Donald Trump ရဲ့ iPhone ထဲမှာ Twitter App တစ်ခုသာ ထည့်ထားတယ်လို့ Axios ရဲ့ သတင်းထောက် ဖြစ်သူ Mike Allen က ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ရေးသားဖော်ပြထားပါတယ်။ Trump ဟာ…

Most from this category