အကြမ်းခံပြီး AMOLED မျက်နှာပြင် ပါတဲ့ Huawei Watch GT2 Pro ကို ကြေညာပြီ

Huawei က Developer Conference မှာ Watch GT2 Pro ကို ကြေညာလိုက်ပါတယ်။ သူ့ရဲ့ Specs အများစုဟာ Watch GT နဲ့တူပေမယ့် တန်ဖိုးကြီး Material တွေ၊ အကြမ်းခံတဲ့ ဒီဇိုင်းနဲ့ အဆင့်မြှင့်ထားပါတယ်။ Workout Mode ၁၀၀ ကျော်ကို ထောက်ပံ့တဲ့အတွက် အားကစားသမားတွေ၊ ကိုယ်လက်လှုပ်ရှားမှု ဝါသနာပါသူတွေအတွက် သင့်တော်ပါတယ်။ အဲဒီထဲမှာ Professional Mode ၁၇ ခုနဲ့ Custom Mode ၈၅ ခု ပါပါတယ်။

Huawei TruSeen 4.0+ မှာ AI ပါလာပြီး နှလုံးခုန်နှုန်း တိုင်းတာတာ ပိုတိကျလာကာ စွမ်းအင် စားသုံးမှု သက်သာပါတယ်။ သွေးတွင်းအောက်ဆီဂျင် ပမာဏကိုလည်း အဲဒီလိုပဲ တွက်ချက်ပေးနိုင်ပြီး ၅ မိနစ် ကြိုးမဲ့အားသွင်းတာနဲ့ ၁၀ နာရီလောက် အသုံးခံတာက မိုက်ပါတယ်။ Reverse Charging ပါတဲ့ ဖုန်းကနေ သူ့ကို အားသွင်းပေးနိုင်ပါသေးတယ်။ ရေအနက် ၅၀ မီတာအထိ ဝတ်ဆင်နိုင်တဲ့အတွက် ရေကူး၊ ရေငုပ် ဝါသနာပါသူတွေအတွက် ရှယ်ပါပဲ။

HUAWEI Watch GT 2 Pro specifications

• 1.39-inch (454 x 454 pixels) AMOLED touch display with Sapphire glass protection
• HUAWEI Kirin A1 chip + STL4R9
• Bluetooth 5.1 that connects to Android 4.4 and above iOS 9.0 devices
• 4GB memory to store about 500 songs
• 5ATM Water-resistant up to 50 meters
• GPS supported
• Integrated microphone and speaker, Bluetooth calling
• 100+ workout modes, including 17 professional modes and 85 custom modes
• Accelerometer sensor, Gyroscope sensor, Geomagnetic sensor, Optical heart rate sensor, Ambient light sensor, Air pressure sensor, and Capacitive sensor
• Heart rate tracking with TruSeen 4.0+, HUAWEI TruSleep sleep monitoring, HUAWEI TruRelax, and all-day activity tracking.
• Dimensions: 46.7 x 46.7 x 11.4mm; Weight: 52 g (Without strap)
• 455mAh battery with up to 14 days of battery life, wireless fast charging

Huawei Watch GT2 Pro ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၃၂၉ ယူရို သတ်မှတ်ထားပြီး ၅ သိန်း ၂ သောင်းလောက် တန်ကြေးရှိပါတယ်။

Ref : fonearena

%d bloggers like this: