ဘက်ထရီ သက်တမ်း ၄ ပတ်လောက်ခံတဲ့ Amazfit Neo ကို ကြေညာ

Huami က စမတ်နာရီ အသစ် ၁ လုံးကို ကြေညာလိုက်ပြီး ထူးခြားတာက Retro ဒီဇိုင်း ပါ။ Amazfit Neo လို့ နာမည်ပေးထားပြီး ၁.၂ လက်မ အဖြူ၊ အမည်း လေးထောင့် မျက်နှာပြင် ပါပါတယ်။ စွမ်းအင် စားသုံးမှုသက်သာစေတဲ့ STN LCD မျက်နှာပြင် သုံးထားပြီး နေရောင်ထဲမှာတောင် ကြည်လင်ပြတ်သားပါတယ်။ ပလတ်စတစ် ကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး ခလုတ် ၄ ခု ထည့်သွင်းထားပါတယ်။ ၂၄ နာရီ နှလုံးခုန်နှုန်းတိုင်းတာနိုင်ပြီး ရေအနက် ၅၀ မီတာအထိ ဝတ်ဆင်နိုင်ပါတယ်။

Sports Mode ၃ မျိုးပါလာပြီး နှလုံးခုန်နှုန်းနဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို တိုင်းတာပေးနိုင်ပါတယ်။ အလန်းဆုံးကတော့ ဘက်ထရီ သက်တမ်း ၄ ပတ်လောက် အသုံးခံတာပါ။

Amazfit Neo specifications

• 1.2-inch STN LCD screen
• Receive notifications for calls, messages, emails, weather and other apps
• Activity tracking and Sleep monitoring
• 3 sports modes (Running, Walking, Cycling)
• Optical heart rate sensor for heart rate zones, Tri-axis Accelerometer
• Bluetooth 5.0 LE, Compatible with Android and iOS
• PAI health analysis
• Water-resistant up to 50 meters (5ATM)
• Dimensions: 40.3x41x11.7mm; Weight: 32 grams
• 160mAh battery with up to 28 days battery life with typical use, 37 days with basic use

အနက်၊ အစိမ်းနဲ့ လိမ္မော်ရောင်တွေ ထုတ်လုပ်ထားပြီး ၂၉၉ ယွမ် သတ်မှတ်ထားပါတယ်။ ၅ သောင်း ၈ ထောင်လောက်ပဲရှိပြီး တရုတ်မှာ ရောင်းပေးလိုက်ပါပြီ။

Ref : fonearena

%d bloggers like this: