Poco က Flagship Killer နဲ့ Midrange စမတ်ဖုန်းတွေပဲ ထုတ်တော့တာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အိန္ဒိယမှာ စွမ်းရည်နိမ့် တန်ဖိုးနည်း Poco M2 ကို ကြေညာလိုက်ပါတယ်။ သူ့ရဲ့ Specs အများစုဟာ အိန္ဒိယက Redmi 9 Prime နဲ့ တော်တော်တူပေမယ့် အားလုံး တူနေတာ မဟုတ်ပါဘူး။ ဈေးချိုပေမယ့် ပေးရတဲ့ ဈေးထက်တန်တဲ့ ဟာ့ဒ်ဝဲတွေ ထည့်ထားတာကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ သူနဲ့ စွမ်းရည်တူ ၊ ဈေးနှုန်းတူတဲ့ Moto G9 , realme Narzo 10 တို့နဲ့ နှိုင်းယှဉ်ပေးလိုက်ပါတယ်။
ဈေးနှုန်း
တန်ဖိုးအနည်းဆုံး မော်ဒယ်အနေနဲ့ realme Narzo 10 (4/128GB) ကို ၁၁,၉၉၉ ရူပီး၊ Poco M2 (6/64GB) ကို ၁၀,၉၉၉ ရူပီးနဲ့ Motorola Moto G9 (4/64GB) ကို ၁၁,၄၉၉ ရူပီး သတ်မှတ်ထားပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၂ သိန်း ၂ သောင်း၊ ၂ သိန်းနဲ့ ၂ သိန်း ၁ သောင်းလောက် အသီးသီး ကျသင့်မှာပါ။
အကျဉ်းချုပ် သုံးသပ်ချက်
ကင်မရာတွေကို ထည့်မတွက်ဘူးဆိုရင် Poco M2 ဟာ ဈေးအချိုဆုံးနဲ့ အကောင်းဆုံးလို့ ရွေးချယ်ပေးချင်ပါတယ်။ ကင်မရာ ပိုကောင်းတာကို လိုချင်ရင် realme Narzo 10 ကို ရွေးသင့်ပါတယ်။ Moto G9 ကလည်း မဆိုးလှပေမယ့် realme Narzo 10 ရဲ့ အရှေ့ ကင်မရာက ပိုကောင်းသလို Reverse Charging ပါပါတယ်။ သူတို့ရဲ့ အားသာချက် ၊ အားနည်းချက် အသေးစိတ်ကို အောက်မှာ လေ့လာပါ။
Motorola Moto G9 vs Xiaomi POCO M2 vs Realme Narzo 10: PROs and CONS
Realme Narzo 10
PROs
• Long battery life
• Great cameras
• Splash resistant
• Reverse charging
• Micro SD dedicated slot
CONS
• HD+ display
Xiaomi POCO M2
PROs
• IR blaster
• FHD+ display
• MIUI 12 out of the box
• micro SD Dedicated slot
CONS
• Inferior cameras
Motorola Moto G9
PROs
• Long battery life
• Water-repellent
• Nice cameras
• Faster charging
CONS
• HD+ display
Ref : gizmochina