၁ သိန်းလောက်ပဲ ရှိတဲ့ Gionee M12 Pro ကို ကြေညာပြီ

Gionee က တရုတ်မှာ ဈေးအရမ်းချိုတဲ့ M12 Pro ကို ကြေညာလိုက်ပါတယ်။ ၇၀၀ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၁ သိန်း ၃ သောင်းလောက်ပဲရှိပေမယ့် စွမ်းရည်သင့် Specs တွေ ထည့်ထားတဲ့အတွက် အရမ်းတန်ပါတယ်။

သူ့မှာ ၆.၂ လက်မ HD+ မျက်နှာပြင် ထည့်သွင်းထားပြီး 6GB RAM+128GB Storage ၁ မျိုးပဲ ထုတ်လုပ်ထားပါတယ်။ အဖြူနဲ့ အပြာရောင်တွေ ထုတ်လုပ်ထားပြီး တောက်ပြောင်တဲ့ ဒီဇိုင်းက ခေတ်မှီပါတယ်။ Screen-to-body Ratio က ၉၀.၃ ရာခိုင်နှုန်းတောင် ရှိတဲ့အတွက် ဘောင်ပျောက် ဒီဇိုင်းက လန်းပါတယ်။ Octa-core MediaTek Helio P60 SoC မောင်းနှင်ထားပါတယ်။

အနောက်ဘက်မှာ 16MP Main အပါအဝင် အပို ကင်မရာ ၂ လုံး ထည့်ထားပေမယ့် အပို ကင်မရာတွေအကြောင်း မသိရသေးပါဘူး။ အရွယ်သေး Notch မှာ 13MP ဆဲလ်ဖီး ကင်မရာ ပါပါတယ်။ Android 9.0 Pie , 4,000mAh ဘက်ထရီနဲ့ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ထည့်ထားပါတယ်။ 4G LTE, WiFi , Bluetooth 4.0 , GPS , USB-C , 3.5mm Audio Jack တွေ ထောက်ပံ့ထားပါတယ်။

Ref : themobileindian

%d bloggers like this: