Apple က ၁၅ ရက်နေ့မှာ iPhone 12 Series မိတ်ဆက်ပွဲ ပြုလုပ်မှာ သေချာပြီ

နောက်ဆုံးတော့ Apple Fans တွေ စောင့်မျှော်နေကြတဲ့ နေ့ကို ရောက်လာပါပြီ။ Apple က ၁၅ ရက်နေ့ ကျင်းပမယ့် ထုတ်ကုန် အသစ် မိတ်ဆက်ပွဲအတွက် ဖိတ်စာတွေ ပေးပို့နေပါပြီ။ Apple ဟာ အဲဒီပွဲမှာ iPhone တွေ အပြင် Apple Watch Series 6 ကိုပါ ကြေညာနိုင်ပါတယ်။ မကြာခင်က ထွက်လာတဲ့ သတင်းအရ Apple Watch မော်ဒယ် ၂ မျိုးထွက်လာနိုင်ပြီး ၁ မျိုးက Apple Watch Series 6 နဲ့ နောက် ၁ မျိုးက Series 3 ရဲ့ တန်ဖိုးနည်း မော်ဒယ် ဖြစ်နိုင်ပါတယ်။ ဈေးချိုတဲ့ Apple Watch လိုချင်သူတွေအတွက် ဝမ်းသာစရာ သတင်းကောင်းပါ။


Apple ဟာ iPhone 12 မော်ဒယ် အနည်းဆုံး ၄ လုံး ကြေညာနိုင်ပြီး အားလုံးမှာ 5G ပါလာမှာပါ။ တန်ဖိုးအကြီးဆုံး မော်ဒယ်မှာပဲ mmWave 5G ထည့်ထားနိုင်ပါတယ်။ iPhone 5 လို ထောင့်ဘက်တွေ ပြားချပ်တဲ့ ဒီဇိုင်း အသစ်ကို သုံးထားနိုင်ပါတယ်။ ဘောင်ပျောက် ဒီဇိုင်း ပါတဲ့ iPad Air အသစ် ၁ လုံးကိုလည်း ချပြနိုင်ပါတယ်။


တန်ဖိုးနည်း HomePod စပီကာ အသစ် ၁ လုံးနဲ့ ပထမဆုံး Apple-branded Over-ear Headphones ကိုလည်း ကြေညာနိုင်ပါတယ်။ Apple TV အသစ်ကိုလည်း ကုမ္ပဏီက ဖန်တီးနေပြီး Remote အသစ် ပါလာမှာပါ။ Apple ထုတ်ကုန်တွေရဲ့ တည်နေရာကို ခြေရာခံနိုင်တဲ့ AirTags ကိုလည်း မိတ်ဆက်နိုင်ပါတယ်။ Apple က မိတ်ဆက်ပွဲကို အွန်လိုင်းကနေ တိုက်ရိုက် ပြသမှာပါ။

Ref : gsmarena

%d bloggers like this: