0 Shares 32 Views

မျက်နှာပြင် ကောင်းမွန်တဲ့ Asus ရဲ့ R510J Gaming Laptop ကို လေ့လာသုံးသပ်ခြင်း

Jan 18, 2016
0 32

 

Asus-R510J-gaming-laptop-review

 

လက်ပ်တော့ပ် များစွာထဲမှာမှ ဂိမ်းသမားတွေအတွက် သင့်တော်တဲ့ ဘက်ဂျက် လက်ပ်တော့ပ် ဆိုတာဟာ ရှားပါးပစ္စည်းတစ်မျိုးပါ။ Gaming လက်ပ်တော့ပ် လို့ ပြောလိုက်တာနဲ့ ပါဝင်တဲ့ အစိတ်အပိုင်းတွေက လန်ထွက်နေမှ ဖြစ်မှာပါ။ အစိတ်အပိုင်းတွေကောင်းမွန်နေရင်တော့ ဈေးနှုန်းဆိုတာလည်း မြင့်မားနေမှာပါပဲ။ ဒါပေမယ့် Asus က ဈေးနှုန်း အလယ်အလတ် အနေအထားနဲ့ R510J ဆိုတဲ့ Gaming လက်ပ်တော့ပ် တစ်မျိုးကို ထုတ်လုပ်လိုက်ပြန်ပါတယ်။ ဒီလက်ပ်တော့ပ်ရဲ့  သိသာထင်ရှားတဲ့ အားသာချက်က Gaming လက်ပ်တော့ပ်တွေအတွက် ထုတ်လုပ်ထားတဲ့ NVIDIA 950M GPU ကိုထည့်သွင်းထားတာပါ။ R510J ဟာ Asus ရဲ့ R.O.G GL552 နဲ့တော့ ယေဘူယျအားဖြင့် ဆင်တူပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၀၀၀ ၀န်းကျင်ရှိနေတဲ့အတွက် သက်သာတယ်လို့ မဆိုနိုင်ပေမယ့်လည်း အခြား Gaming လက်ပ်တော့ပ်တွေထက်တော့ ရွေးချယ်သင့်တဲ့အထဲမှာ ပါဝင်ပါတယ်။ ကဲ R510J နဲ့ပတ်သက်ပြီး အားသာချက် ၊ အားနည်းချက်လေးတွေကိုလေ့လာကြည့်ရအောင်။

 

Asus 3

 

ဒီဇိုင်း

R510J ဟာ ၁၅.၆ လက်မ ကျယ်ဝန်းတဲ့ မျက်နှာပြင်ပေါ်မှာ FullHD ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်ကို ပြသနိုင်ပါတယ်။ မျက်နှာပြင်ကိုလည်း Matte နဲ့ ပြုလုပ်ထားပြန်တာကြောင့် အလင်းပြန်မှု နည်းပါးတာကိုတွေ့ ရမှာပါ။ကီးဘုတ် ရဲ့ အနေအထားဟာလည်း စာရိုက်ဖို့အတွက်တော့ သင့်တင့်တဲ့အနေအထားမှာရှိပါတယ်။ အားနည်းချက်ဖြစ်ခဲ့တာကတော့ ကီးဘုတ် အနက်ရောင်အပေါ်မှာ စာတွေကို အနီရောင်ရင့်ရင့်နဲ့ ထည့်သွင်းထားတာကတော့ အမြင်မှာ ဘယ်လိုမှ မသင့်တော်ပါဘူး။ မောက်စ်အပြား(သို့)Trackpad ကတော့ ကျယ်ဝန်းတဲ့အတွက် မောက်စ်မရှိရင်တောင် လက်ပ်တော့ပ် သုံးနေကြသူတွေအဖို့ အကောင်းဆုံးအသုံးပြုနိုင်မှာပါ။

လက်ပ်တော့ပ် ရဲ့ အပေါ်အဖုံးကလည်း စန္ဒယားတွေမှာသုံးတဲ့ ကုန်ကြမ်းမျိုးကို အသုံးပြုထားတာကြောင့် ကုတ်ရာခြစ်ရာတွေနဲ့ လက်ဗွေရာတွေကတော့ အလွယ်တကူထင်နိုင်ပါတယ်။ ဒါကြောင့် ၀ယ်ပြီးရင်တော့ အပေါ်အဖုံးကို စတစ်ကာတစ်ခုခု ကပ်ထားတာကပိုအဆင်ပြေမှာပါ။ပြီးတော့ R510J ဟာ Desktop ကွန်ပျူတာ အစားထိုးဖို့ ထုတ်လုပ်ထားတာဖြစ်တာကြောင့် အခြားလက်ပ်တော့ပ်တွေလို အလွယ်တကူ ကျောပိုးအိတ်ထဲထည့်သယ်ယူသွား ဖို့ မလွယ်ကူလှပါဘူး။ အလျား ၂၅.၁ စင်တီမီတာ x အနံ ၃၈ စင်တီမီတာ x အမြင့် ၃.၂ စင်တီမီတာ ရှိပြီး အလေးချိန်ကလည်း ၂.၄ ကီလိုဂရမ် အထိရှိနေပါတယ်။

 

Asus 2

 

လုပ်ဆောင်ချက်များနှင့် အစိတ်အပိုင်းများ

လက်ပ်တော့ပ် တစ်လုံးရဲ့ တန်ဖိုးထိုက်တန်မှုကို အဆုံးအဖြတ်ပေးတဲ့အထဲမှာ CPU လည်းပါဝင်ပါတယ်။ R510J ဟာ Intel Core i& 4720HQ ကိုထည့်သွင်းအသုံးပြုထားတာကြောင့် မှန်ကန်တဲ့ ရွေးချယ်မှုလို့လည်းပြောနိုင်မှာပါ။ RAM ကလည်း 8GB DDR3L ဖြစ်တာကြောင့် အက်ပလီကေးရှင်းတိုင်း ၊ ဆော့ဖ်ဝဲ တိုင်းကို ကြန့်ကြာမှုမရှိတဲ့ လုပ်ဆောင်ချက်မျိုးနဲ့ အသုံးပြုနိုင်မှာပါ။ လက်ပ်တော့ပ်အတွင်း ဒေတာသိုလှောင်နိုင်တဲ့ ပမာဏကလည်း 1TB အထိပါဝင်တာကြောင့် ဂိမ်းသမားတွေအကြိုက်တွေ့စေမှာပါ။ အပေါ်မှာပြောခဲ့သလို GPU ကဏ္ဍမှာလည်း NVIDIA GeForce 950M, 2GB RAM ကို သုံးထားတာကြောင့် ဂိမ်းဆော့ဖို့ အဆင်အပြေဆုံးဖြစ်မှာပါ။ USB Port အနေနဲ့လည်း USB 2.0 က ၁ ပေါက် ၊ USB 3.0 က ၂ ပေါက် ၊ စုစုပေါင်း USB ၃ ပေါက်ပါဝင်ပါတယ်။ တစ်ခုတည်းသော အစိတ်အပိုင်းတွေရဲ့ အားနည်းချက်ကတော့ Webcam ပဲဖြစ်မှာပါ။ R510J ရဲ့ Webcam ဟာ ၂၀၀၀ခုနှစ်ဝန်းကျင်က ကွန်ပျူတာ webcam တွေလိုပဲ 640×480 Resolution သာ ကြည်လင်ပြတ်သားမှုရှိပါတယ်။ ဒါကြောင့် Skype လို ဗီဒီယို ချက် ၀ါသနာပါသူတွေအတွက်တော့ မသင့်တော်ပါဘူး။

စွမ်းဆောင်ရည်နဲ့ ဆော့ဖ်ဝဲများ

ပထမဆုံးပြောချင်တဲ့ အားသာချက်တစ်ခုက Windows 10 ပါပဲ။ Microsoft ရဲ့လက်ရှိနောက်ဆုံး ထုတ်ကုန်ဖြစ်တဲ့ Windwos 10 ကို အသုံးပြုထားတာကြောင့် သုံးစွဲသူတွေဟာ အတွေ့အကြုံသစ်ကို ပိုင်ဆိုင်နိုင်မှာပါ။ အခြားဆော့ဖ်ဝဲပိုင်းမှာလည်း McAfee anti-virus ဆော့ဖ်ဝဲ ၊ Avast Secureline တို့ကို ထည့်သွင်းပေးထားပြီး Web Storage ၊ WinFlash ၊ USB Charger စတဲ့ အက်ပလီကေးရှင်းတွေကိုလည်း ထည့်သွင်းထားပြန်ပါတယ်။

အသံပိုင်းဆိုင်ရာမှာတော့ SonicMaster အသံထွက်စနစ်ကို အသုံးပြုထားတယ်လို့ ဆိုပေမယ့်လည်း အသံထွက်စနစ်ဟာ အနည်းငယ်အားနည်းနေတယ်လို့ ထင်ရပါတယ်။ ဂိမ်းကစားဖို့အတွက် စမ်းသပ်ကြည့်ခဲ့ရာမှာတော့ Tomb Raider ၊ Far Cry 4 ၊ Battlefield 4 နဲ့ Crysis 3 တို့လိုဂိမ်းတွေကို သင့်တင့်စွာ လုပ်ဆောင်ပေးနိုင်တာကိုလည်း တွေ့ရပါတယ်။ ဘက်ထရီ သက်တမ်းကတော့ ၃ နာရီခန့်သာ အသုံးခံတဲ့အတွက် ဘက်ထရီကိုတော့ သိပ်အမှတ်မပေးလိုပါဘူး။

Ref : Gadgets 360 ၊ Tech Radar

You may be interested

iPhone 7 ပိုင်ရှင်များ iPhone 8 မ၀ယ်ယူသင့်တဲ့ အကြောင်းအရင်း
cameras, FEATURES, Mobile & Tablets
0 shares0 views

iPhone 7 ပိုင်ရှင်များ iPhone 8 မ၀ယ်ယူသင့်တဲ့ အကြောင်းအရင်း

Ko Thuya - Sep 21, 2017

ဒီနေ့ခေတ်မှာ iPhone ၀ယ်ဖို့ အတွက် ရွေးချယ်စရာများစွာ ရှိပါတယ်။ ၃၅၀ ဒေါ်လာတန် iPhone SE ကနေ ဒေါ်လာ ၁၀၀၀ တန် iPhone X အထိ အစားစား ရှိပါတယ်။ ဘယ်ဖုန်းဟာ သင်နဲ့ သင့်တော်သလဲဆိုတာတော့ မသိပါဘူး။…

iOS 11 ရဲ့ အကောင်းဆုံး Features များ
Apple, FEATURES, HUBS
50 shares25 views

iOS 11 ရဲ့ အကောင်းဆုံး Features များ

Ko Thuya - Sep 21, 2017

Apple က iOS 11 ကို တစ်ကမ္ဘာလုံးအတွက် ဖြန့်ချီပေးလိုက်ပါပြီ။ အဲဒီအတွက် iOS 11 ရဲ့ အကောင်းဆုံး စွမ်းဆောင်ချက်များကို ဖော်ပြပေးလိုက်ပါတယ်။ Control Center ကို Customize ပြုလုပ်ခြင်း။ iOS 10 ရဲ့ Control…

Motorola ၏ မကြာမီ လပိုင်းအတွင်းထွက်ရှိလာတော့မယ့် Moto X4
Google, Mobiles & Tablets, Motorola
83 shares27 views

Motorola ၏ မကြာမီ လပိုင်းအတွင်းထွက်ရှိလာတော့မယ့် Moto X4

Zar Ni Nyein Tun - Sep 21, 2017

Android ဖုန်းတလုံးဖြစ်တဲ့ Motorola Moto X4 ကို အမေရိကန်မှာ မကြာခင်ရောင်းချတော့မယ်လို့ သိရပါတယ်။Google နဲ့ Motorola ရဲ့ ပေါင်းစပ်မှုဖြစ်တဲ့ Moto X4 ဟာ Google Project Fi wireless system ပါဝင်ပါတယ်။ X4…

Most from this category