realme က IFA 2020 မှာ ထုတ်ကုန်အသစ်တွေကို Tease လုပ်

realme က ပထမဆုံး အကြိမ်အနေနဲ့ IFA 2020 နည်းပညာ ပြပွဲမှာ ပါဝင်လာပြီး ထုတ်ကုန် အသစ်များစွာကို Tease လုပ်ခဲ့ပါတယ်။ ကုမ္ပဏီရဲ့ ကြေညာချက် အပြည့်အစုံကို အောက်မှာ လေ့လာနိုင်ပါတယ်။

realme Europe ရဲ့ ပူပူနွေးနွေး စီအီးအို ဖြစ်လာတဲ့ Madhav Sheth က နောက်နှစ်ကုန်မှာ ဥရောပရဲ့ ထိပ်ဆုံး စမတ်ဖုန်း ကုမ္ပဏီ ၅ ခုစာရင်းထဲ ပါဖို့ ရည်မှန်းထားတယ်လို့ ပြောပါတယ်။ အိန္ဒိယပြီးရင် ဥရောပဟာ realme ရဲ့ ဒုတိယ အရေးအပါဆုံး ဖြစ်လာမှာ ဖြစ်ပြီး စမတ်ဖုန်း တင်မကဘဲ AIoT ထုတ်ကုန်များစွာကို ရောင်းမှာပါ။

realme က ဥရောပမှာ Smart TV 55” , Smart Bulb နဲ့ Smart Cam 360 Degree တွေကို ရောင်းချမယ်လို့ ပြောပါတယ်။ ဒါ့အပြင် Buds Air Pro နဲ့ Buds Wireless Pro အမည်ရ TWS နားကြပ်နဲ့ Watch S Pro စမတ်နာရီတို့ကိုပါ ရောင်းမှာပါ။

ဥရောပမှာ realme 7 Series တွေကို မကြာခင် ကြေညာမှာ ဖြစ်ပြီး ဒီနှစ် ကွာတား ၄ မှာ realme V5 , X7 Series , Buds Air Pro နဲ့ Watch S Pro တို့ကို မိတ်ဆက်မှာပါ။ Narzo 20 Series တွေကိုလည်း နိုင်ငံတကာအတွက် ချပြတော့မှာပါ။

Ref : gsmarena

%d bloggers like this: