Honor က ဒီဇိုင်းလန်းတဲ့ Watch ES ကို ကြေညာ

Honor က Watch ES အမည်ရ စမတ်နာရီကို ဥရောပအတွက် ကြေညာလိုက်ပါတယ်။ ပြီးခဲ့တဲ့ လကုန်ကမှ ကြေညာခဲ့တဲ့ Huawei Watch Fit ကို ဥရောပမှာ Honor Brand အောက်ကနေ နာမည်ပြောင်း မိတ်ဆက်လိုက်တာပါ။ ၁၀၀ ယူရို သတ်မှတ်ထားပြီး ၇ ရက်နေ့ ရောင်းမှာပါ။ မြန်မာငွေ ၁ သိန်းခွဲလောက် ရှိပါတယ်။

Honor Watch ES မှာ လေးထောင့် မျက်နှာပြင် တပ်ဆင်ထားပါတယ်။ Always on Watch Face ၆ ခု ထည့်သွင်းထားပြီး သရုပ်ပြမှု ၄၄ ခုပါတဲ့ လေ့ကျင့်ခန့် ၁၂ မျိုးကို သင်ကြားပေးနိုင်ပါတယ်။

ပြေးတာ၊ ရေကူးတာ၊ စက်ဘီးစီးတာ စတဲ့ အားကစား ၁၁ မျိုးပါတဲ့ Workout Mode ၉၆ ခု ထည့်ထားပါတယ်။ Watch Fit က ဒေတာတွေကို စမတ်ဖုန်းကနေ Huawei Health App နဲ့ ကြည့်ရှုနိုင်ပါတယ်။ Watch Fit မှာ Huawei TruSeen 4.0 Heart Rate စောင့်ကြည့်တဲ့ နည်းပညာ ထည့်သွင်းထားပြီး နှလုံးခုန်နှုန်းကို အချိန်ပြည့် တိုင်းတာပေးနိုင်ပါတယ်။ သွေးတွင်းအောက်ဆီဂျင် ပမာဏကို တွက်ချက်ပေးနိုင်ပြီး TruSleep 2.0 က အိပ်စက်မှု အခြေအနေကို စောင့်ကြည့်ပေးနိုင်ပါတယ်။

၁.၄ လက်မ AMOLED မျက်နှာပြင် ပါလာပြီး Touch Gesture တွေ သုံးနိုင်ပါတယ်။ 4GB Storage ထည့်ထားပြီး ဖုန်းက Incoming Call, SMS , Notification တွေကို ပြသပေးပါတယ်။ ဖုန်းက သီချင်းတွေကို နာရီကနေ ထိန်းချုပ်နိုင်ပြီး သာမာန်သုံးရင် ၁၀ ရက်တောင် အသုံးခံပါတယ်။ GPS ဖွင့်ထားရင် ၁၂ နာရီ သုံးလို့ရပါတယ်။ ရေအနက် ၅၀ မီတာ အထိ ဝတ်ဆင်နိုင်ပြီး Android 5.0 , iOS 9.0 နဲ့သူ့အထက် ဖုန်းတွေနဲ့ ချိတ်ဆက်နိုင်ပါတယ်။

Ref : gadgets.ndtv

%d bloggers like this: