တိုက်တေနီယမ် မော်ဒယ် ထွက်လာတဲ့ Samsung Galaxy Watch3

Samsung က Galaxy Watch 3 ကို ဩဂုတ်လက ကြေညာခဲ့ပြီး ကိုယ်ထည်ကို Stainless Steel နဲ့ တည်ဆောက်ထားပါတယ်။ အခုတော့ ဂျာမနီမှာ တိုက်တေနီယမ် ကိုယ်ထည်ပါတဲ့ မော်ဒယ်ကို ကြေညာလိုက်ပြီး လက်ပတ်ကိုတော့ Stainless Steel နဲ့ တည်ဆောက်ထားတာပါ။ Samsung Galaxy Watch3 Titan အတွက် Mystick Black ၁ ရောင်ပဲ ရွေးချယ်နိုင်သလို ၄၅ မီလီမီတာ အရွယ်အစားပဲ ထုတ်လုပ်ပေးထားပြီး ၄၁ မီလီမီတာ မပါလာပါဘူး။ WiFi Only မော်ဒယ်ပဲရှိပြီး LTE မော်ဒယ် မထွက်လာပါဘူး။ ၁၀ သိန်းလောက်တန်ကြေးရှိပြီး ၁၈ ရက်နေ့မှာ မော်ဒယ် အသစ်ကို ဂျာမနီမှာ အွန်လိုင်းကနေ ရောင်းချမယ်လို့ ပြောပါတယ်။

တိုက်တေနီယမ် မော်ဒယ်ရဲ့ တခြား Specs တွေကတော့ မူလမော်ဒယ်နဲ့ တူညီပါတယ်။ ၁.၄ လက်မ Super AMOLED မျက်နှာပြင်ဝိုင်း ထည့်သွင်းထားပြီး Gorilla Glass DX နဲ့ ကာကွယ်ထားပါတယ်။ Rotating Bezel ပါလာပြီး 1GB RAM, 8GB Storage ထည့်ထားပါတယ်။ Tizen အခြေပြု Wearable OS 5.5 မောင်းနှင်ထားပြီး Dial Size က ၄၁ မီလီမီတာနဲ့ ၄၅ မီလီမီတာ ၂ မျိုး ထုတ်လုပ်ထားပါတယ်။

သွေးတွင်း အောက်ဆီဂျင် ပမာဏ၊ နှလုံးခုန်နှုန်း၊ ကိုယ်လက်လှုပ်ရှားမှုတွေကို တိုင်းတာပေးနိုင်ပြီး WiFi ထောက်ပံ့ထားပါတယ်။ ၄၁ မီလီမီတာမှာ 247mAh နဲ့ ၄၅ မီလီမီတာမှာ 340mAh ဘက်ထရီ ထည့်သွင်းထားပါတယ်။

Samsung Galaxy Watch 3 specifications

• Display: 1.4-inch (360 x 360) Super AMOLED display with Corning Gorilla Glass DX protection on the 45mm models
• 1.2-inch (360 x 360) Super AMOLED display with Corning Gorilla Glass DX protection on the 41mm models
• Processor: Dual-core Exynos 9110 (1.15 GHz)
• RAM: 1GB
• Storage: 8GB
• OS: Tizen-based Wearable OS 5.5
• Sensors: Accelerometer, ECG sensor, 8 LED photoplethysmography, Gyroscope, Barometer, Ambient Light
• 5ATM + IP68 water resistance, MIL-STD 810G certified for durability
• Dimensions: 41mm Bluetooth and LTE model – 41 x 42.5 x 11.3mm; Weight: 48g
• 45mm Bluetooth and LTE model – 45 x 46.2 x 11.1mm; Weight: 53g
• Connectivity: Bluetooth 5.0, Wi-Fi b/g/n, NFC, GPS/Glonass/Beidou/Galileo
• Compatibility: Devices running Android 5.0 and above with 1.5 GB RAM and above; iOS: iPhone 5 and above, and iOS 9.0 and above.
• Battery: 45mm models – 340mAh
• 41mm models – 247mAh
• WPC-based wireless charging
• Colors: Stainless Steel – Mystic Bronze, Mystic Black, Mystic White
Titanium – Mystic Black

Ref : gsmarena

%d bloggers like this: