အမေရိကန် လေတပ်က ကားပျံကို စမ်းသပ်ပြလိုက်ပြီ

အမေရိကန် လေတပ်က အနာဂတ် စစ်ပွဲတွေမှာ ကားပျံကို အသုံးချဖို့ကြိုးစားနေပါတယ်။ လေတပ်က ပြီးခဲ့တဲ့ နှစ်က ဒေါင်လိုက် ပျံတက်၊ ဆင်းသက် နိုင်တဲ့ အီလက်ထရစ် ကားပျံကို ပြသခဲ့ပြီး ဒီနှစ် အစောပိုင်းကတော့ ၂၀၃၀ ခုနှစ်မှာ အဲဒီယာဉ်ပျံ အစီး ၃၀ ထုတ်လုပ်ချင်တယ်လို့ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၁ ပတ်မှာ လေတပ်က ကားပျံကို ပထမဆုံး အကြိမ် စမ်းသပ်ပြသခဲ့တဲ့အတွက် ရည်မှန်းချက် ပြီးမြောက်တော့မယ်လို့ ထင်ပါတယ်။ လေတပ်က ဒီအောင်မြင်မှုကို ဂုဏ်ယူဝင့်ကြွားစွာ ကြေညာခဲ့တာ ဖြစ်ပါတယ်။

တက္ကဆပ်မှာ စမ်းသပ်ခဲ့တာ ဖြစ်ပြီး စစ်တပ် အရာရှိတွေ တက်ရောက် ကြည့်ရှုခဲ့ကြပါတယ်။ ကားပျံမှာ ပန်ကာ ၁၈ ခု တပ်ဆင်ထားပြီး LIFT Aircraft က တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ကားပျံမှာ လူ ၁ ယောက်ပဲ လိုက်ပါ စီးနင်း နိုင်ပါတယ်။ ကားပျံကို Hexa လို့ နာမည်ပေးထားပြီး ကုမ္ပဏီက စစ်တပ် တင်မကဘဲ အများပြည်သူအတွက်လည်း ရောင်းချမှာပါ။ LIFT က ပန်ကာ ၆ လုံး ပိတ်ထားရင်တောင် မြေပြင်ကို လုံခြုံစွာ ဆင်းသက်နိုင်တယ်လို့ ပြောပါတယ်။

Re : tnw

%d bloggers like this: