Facebook မှာ အသက်မပြည့်သေးတဲ့ မိန်းကလေးတွေကို လိင်ပိုင်းဆိုင်စာစော်ကားတဲ့ လူ ၁၈ ယောက်ကို ဖမ်းဆီး

ဩစတြေးလျနိုင်ငံ Perth က အမျိုးသား ၁၈ ယောက်ကို Facebook မှာ အသက်မပြည့်သေးတဲ့ မိန်းကလေးတွေကို လိင်ပိုင်းဆိုင်ရာစော်ကားတဲ့ အတွက် ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။ အဲဒီ လူတွေဟာ အသက် ၁၈ နှစ်ကနေ ၄၁ နှစ်အတွင်း ရှိပြီး မိန်းကလေးငယ် ၂၃ ယောက်ကို စော်ကားခဲ့တာပါ။ သူတို့ဟာ Facebook နဲ့ Instagram တို့ကနေ မိန်းကလေးငယ် ၁၄၀ အထိကို ပစ်မှတ်ထားခဲ့ကြတာလို့ သိရပါတယ်။

Sex Offender Management Squad က စုံထောက်တွေက Operation Timing Belt အမည်ရ စီမံကိန်းကို အကောင်အထည်ဖော်ခဲ့ပြီး ဖမ်းဆီးမှုကို ပြီးခဲ့တဲ့ စနေနေ့က သတင်းထုတ်ပြန်ခဲ့တာပါ။ အဲဒီလူတွေကို အမှု ၇၉ ခုနဲ့ တရားစွဲထားပါတယ်။

အဲဒီလူ ၁၈ ယောက်ထဲက ၄ ယောက်ဟာ အရင်ကလည်း ကလေးသူငယ် လိင် ပြစ်မှုတွေ ကျူးလွန်ခဲ့ကြတယ်လို့ သိရပါတယ်။ ရဲဌာနက အဲဒီလူတွေဟာ ပစ်မှတ်ထားတဲ့ မိန်းကလေးငယ်တွေရဲ့ သတင်းအချက်အလက်တွေကို မျှဝေခဲ့ကြတယ်လို့ ပြောပါတယ်။ အုပ်စုဖွဲ့ပြီး မိန်းကလေးငယ်တွေကို စော်ကားနေကြတာပါ။ သူတို့ဟာ လူမှုကွန်ရက်တွေကနေ မိန်းကလးငယ်တွေအား သူတို့နဲ့ လိင်ဆက်ဆံဖို့ စည်းရုံးခဲ့ကြတာပါ။

Ref : dailymail

%d bloggers like this: