နောက်ထုတ်မယ့် iPad ဟာ ဘောင်ပျောက် ဒီဇိုင်း ဖြစ်နိုင်

Apple iPad Pro တွေမှာ ဘောင်ပျောက် ဒီဇိုင်းနဲ့ Face ID လို အလန်းစား ဒီဇိုင်းနဲ့ လုပ်ဆောင်ချက်တွေ ပါပေမယ့် ရိုးရိုး iPad တွေမှာ ရုပ်ဆိုးဆိုး ဘောင်တွေ ပါနေတုန်းပါပဲ။ အခုတော့ ဒီနှစ်ထုတ်မယ့် iPad အသစ်မှာ iPad Pro တွေမှာလို ဘောင်ပျောက်ဒီဇိုင်း ပါမယ်လို့ သတင်းထွက်လာပါတယ်။

သူ့မှာ ၁၀.၈ လက်မ မျက်နှာပြင်၊ USB-C Port ၊ Smart Connector (ကီးဘုတ်အတွက်) နဲ့ တခြား Accessory တွေ ထည့်သွင်းထားမယ်လို့ သတင်းထွက်လာပါတယ်။ ဘေးဘက်မှာ Apple Pencil တပ်ဖို့အတွက် သံလိုက် ပါလာမှာပါ။

Apple လေ့လာဆန်းစစ်သူ Ming Chi-Kuo က ကုမ္ပဏီဟာ ၁၀.၈ လက်မ iPad နဲ့ ၉ လက်မ iPad Air တို့ကို ဒီနှစ် ကြေညာမယ်လို့ မေလက ပြောခဲ့ပါတယ်။ အခုဆိုရင် Apple ထုတ်ကုန် မိတ်ဆက်ပွဲဟာလည်း နီးသထက်နီးလာပြီ ဖြစ်တဲ့အတွက် သတင်းတွေ ခပ်စိပ်စိပ် ထွက်လာနေပါပြီ။

iPad mini 2 ကို ထုတ်ထားတာ ၁ နှစ်ကျော်ပြီ ဖြစ်တဲ့အတွက် သူ့ရဲ့ မျိုးဆက်သစ်ကို စောင်မျှော်နေသူတွေလည်း ရှိပါတယ်။ iPad Pro ဟာ စွမ်းရည်မြင့်မားပြီး လုပ်ငန်းသုံးအတွက် မိုက်ပါတယ်။ ဒါပေမယ့် ပေါ့ပေါ့ပါးပါး သုံးချင်သူတွေအတွက် ရိုးရိုး iPad က သင့်တော်ပါတယ်။

ref ; tnw

%d bloggers like this: