Honor က Huawei Watch Fit နဲ့ဆင်တဲ့ စမတ်နာရီ ၁ လုံး ကြေညာမည်

Honor က နောက်လ ၄ ရက်နေ့ IFA 2020 မှာ Watch GS Pro စမတ်နာရီကို ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။ Honor ဥက္ကဌ George Zhao က မျက်နှာပြင် အဝိုင်း သို့မဟုတ် လေးထောင့်ကို ကြိုက်သလားလို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ဝီဘိုမှာ Fans တွေကို မေးခဲ့ပါတယ်။ သူမျှဝေထားတဲ့ ပုံမှာ လက် ၂ ခု ဆုပ်ကိုင်ထားပြီး လက် ၁ ခုစီမှာ စမတ်နာရီ ၁ လုံးစီ ဝတ်ဆင်ထားပါတယ်။ ၁ လုံးက မျက်နှာပြင် အဝိုင်းနဲ့ နောက် ၁ လုံးက မျက်နှာပြင် လေးထောင့် ဖြစ်ပါတယ်။ လေးထောင့် မျက်နှာပြင်ဟာ မကြာခင်က ကြေညာခဲ့တဲ့ Huawei Watch Fit နဲ့ ဆင်တူပါတယ်။

Honor မှာ အဲဒီ ဒီဇိုင်းနဲ့ စမတ်နာရီ မရှိသေးဘဲ Watch GS Pro ဟာ လေးထောင့် မျက်နှာပြင် ပါတဲ့ Honor ရဲ့ ပထမဆုံး စမတ်နာရီ ဖြစ်လာမှာပါ။ ဒါဟာ Huawei Watch Fit ရဲ့ Honor Version ဖြစ်နိုင်ပါတယ်။ Honor ကနေ မိခင် ကုမ္ပဏီ Huawei ရဲ့ ထုတ်ကုန်တွေနဲ့ ဆင်တူတဲ့ ထုတ်ကုန်တွေ ထွက်လာတတ်ပါတယ်။ Honor ရဲ့ Version တွေက ဈေးပိုချိုပါတယ်။

Huawei Watch Fit ဟာ ဒီဇိုင်း အရမ်းလန်းသလို လုပ်ဆောင်ချက်တွေ များပါတယ်။ အထူးသဖြင့် ကျန်းမာရေး စောင့်ရှောက်ပေးတဲ့ လုပ်ဆောင်ချက်တွေက အရမ်း မိုက်ပါတယ်။ နှလုံးခုန်နှုန်း၊ သွေးတွင်းအောက်ဆီဂျင် ပမာဏ၊ အမျိုးသမီတွေရဲ့ ဓမ္မတာ စက်ဝန်းတွေကို တွက်ချက်ပေးနိုင်ပြီး ၁ သိန်းခွဲလောက်ရှိတဲ့အတွက် ဈေး မသေးပါဘူး။

Ref : gizmochina

%d bloggers like this: