0 Shares 199 Views

Chrome မှာ အရင်လို Backspace နဲ့ နောက်ပြန်သွားလို့ရအောင်လုပ်ပေးမယ့် Google Extension

Aug 19, 2016
0 199

Google မှာ တကယ့်ဆရာကြီးတွေအလုပ်လုပ်နေတယ်ဆိုပေမယ့်၊ တခါတလေ သူတို့ရဲ့ဆုံးဖြတ်ချက်တွေက ကျနော်တို့လို သာမန် user တွေအတွက် တကယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စရာပါ။

ဥပမာတစ်ခုပြောရရင် Chrome ပါ။ Chrome 52 လောက်ကစပြီး၊ Page တစ်ခုကနေ အရင်တစ်ခုကို ပြန်သွားဖို့ အရင်လို Backspace ခလုတ်နှိပ်ရုံနဲ့ မရတော့ဘဲ၊ Alt နဲ့ < ( Left Arrow ) ခလုတ်နှစ်ခု ပေါင်းနှိပ်ပေးနေရပါတယ်။

User တွေ မတော်တဆ Backspace နှိပ်မိတာကြောင့် ဒေတာဆုံးရှုံးမှုရန်ကနေ ကာကွယ်ပေးဖို့ Backspace လုပ်ဆောင်ချက်ကို ဖြုတ်ခဲ့တာပါလို့ Google က အကြောင်းပြခဲ့ပေမယ့်၊ Backspace သုံးတာ အကျင့်ပါနေတဲ့ user တွေကတော့ Google လုပ်ရပ်ကို အပြင်းအထန်ဝေဖန်ခဲ့ကြပါတယ်။

ဒီလိုဝေဖန်မှုတွေကြောင့် Google ဟာ အခုဆိုရင် Go Back with Backspace ဆိုတဲ့ Chrome extension တစ်ခုကို ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။

ဒီ extension ကို Chrome ဘရောက်ဆာမှာ သွင်းပြီးပြီဆိုတာနဲ့ အရင်အတိုင်း Backspace နှိပ်လိုက်ရင် အရင်စာမျက်နှာအဟောင်းကို ပြန်ရောက်သွားမှာဖြစ်ပါတယ်။ အောက်ပါလင့်ခ်မှာ သွားရောက်ရယူနိုင်ပါတယ်။

Go Back with Backspace

Ref: Engadget

 

 

 

Facebook Comments

You may be interested

Huawei က Panoramic Camera, Sports Band နဲ့ Bluetooth Headset များကို ပြသ
Audio & Video, Camera, NEWS
0 shares38 views

Huawei က Panoramic Camera, Sports Band နဲ့ Bluetooth Headset များကို ပြသ

Ko Thuya - May 29, 2017

Huawei က Panoramic Camera, Sports Band နဲ့ Bluetooth Headset များကို ပြသလိုက်ပါတယ်။ Huawei Panoramic Camera Huawei Panoramic Camera ဟာ ၃၆၀ ဒီဂရီ မြင်ကွင်းကျယ် ဓါတ်ပုံနဲ့ ဗီဒီယိုများ…

Huawei က အနောက် ကင်မရာ နှစ်လုံး ပါတဲ့ Nova 2 နဲ့ Nova 2 Plus တို့ကို မိတ်ဆက်
Mobiles & Tablets, NEWS
224 shares428 views

Huawei က အနောက် ကင်မရာ နှစ်လုံး ပါတဲ့ Nova 2 နဲ့ Nova 2 Plus တို့ကို မိတ်ဆက်

Ko Thuya - May 28, 2017

Huawei က စွမ်းဆောင်ရည်သင့် Nova 2 နဲ့ Nova 2 Plus တို့ကို မိတ်ဆက်လိုက်ပြီး စွမ်းဆောင်ရည်မြင့် P Series များနဲ့ ဆင်တူတဲ့အတွက် အလွန် လှပ ပါတယ်။ ထူးခြားတာက စွမ်းဆောင်ရည်သင့် ဖုန်းများမှာ အနောက်ကင်မရာ…

သင် Porn ကြည့်နေတာကို လူမမိအောင် ကာကွယ်ပေးမယ့် Minimeyes
Audio & Video, Gadgets, NEWS
192 shares946 views

သင် Porn ကြည့်နေတာကို လူမမိအောင် ကာကွယ်ပေးမယ့် Minimeyes

Ko Thuya - May 28, 2017

Minimeyes ဟာ အထူးပြုလုပ်ထားတဲ့ Motion Sensor တစ်ခု ဖြစ်ပြီး သင့် အခန်းထဲကို လူတစ်ယောက် ၀င်လာတာနဲ့ သင့် ကွန်ပြူတာ ဘရောက်စာ ၀င်းဒိုးနဲ့ အသံများကို ချက်ချင်း အလိုအလျှောက် ပိတ်ပေးနိုင်ပါတယ်။ အဲဒီ အတွက် သင့် ကွန်ပြူတာမှာ…

Most from this category