လေးထောင့်မျက်နှာပြင် ပါတဲ့ Huawei Watch Fit ကို ကြေညာ

Huawei က Watch Fit စမတ်နာရီကို ကြေညာလိုက်ပါတယ်။ Huawei Watch Fit လို့ နာမည်ပေးထားပြီး လေးထောင့် မျက်နှာပြင် တပ်ဆင်ထားပါတယ်။ Always on Watch Face ၆ ခု ထည့်သွင်းထားပြီး Huawei Watch Face Store ကနေလည်း ရယူနိုင်ပါတယ်။ သရုပ်ပြမှု ၄၄ ခုပါတဲ့ လေ့ကျင့်ခန့် ၁၂ မျိုးကို သင်ကြားပေးနိုင်ပါတယ်။

ပြေးတာ၊ ရေကူးတာ၊ စက်ဘီးစီးတာ စတဲ့ အားကစား ၁၁ မျိုးပါတဲ့ Workout Mode ၉၆ ခု ထည့်ထားပါတယ်။ Watch Fit က ဒေတာတွေကို စမတ်ဖုန်းကနေ Huawei Health App နဲ့ ကြည့်ရှုနိုင်ပါတယ်။ Watch Fit မှာ Huawei TruSeen 4.0 Heart Rate စောင့်ကြည့်တဲ့ နည်းပညာ ထည့်သွင်းထားပြီး နှလုံးခုန်နှုန်းကို အချိန်ပြည့် တိုင်းတာပေးနိုင်ပါတယ်။ သွေးတွင်းအောက်ဆီဂျင် ပမာဏကို တွက်ချက်ပေးနိုင်ပြီး TruSleep 2.0 က အိပ်စက်မှု အခြေအနေကို စောင့်ကြည့်ပေးနိုင်ပါတယ်။

၁.၄ လက်မ AMOLED မျက်နှာပြင် ပါလာပြီး Touch Gesture တွေ သုံးနိုင်ပါတယ်။ 4GB Storage ထည့်ထားပြီး ဖုန်းက Incoming Call, SMS , Notification တွေကို ပြသပေးပါတယ်။ ဖုန်းက သီချင်းတွေကို နာရီကနေ ထိန်းချုပ်နိုင်ပြီး သာမာန်သုံးရင် ၁၀ ရက်တောင် အသုံးခံပါတယ်။ GPS ဖွင့်ထားရင် ၁၂ နာရီ သုံးလို့ရပါတယ်။ ရေအနက် ၅၀ မီတာ အထိ ဝတ်ဆင်နိုင်ပြီး Android 5.0 , iOS 9.0 နဲ့သူ့အထက် ဖုန်းတွေနဲ့ ချိတ်ဆက်နိုင်ပါတယ်။

အိန္ဒိယ ရူပီး ၇၉၀၀ လောက်ရှိပြီး ၁ သိန်း ၄ သောင်းလောက် ကျသင့်ပါတယ်။ နောက်လ ၃ ရက်နေ့ UAE မှာ ရောင်းမှာ ဖြစ်ပြီး နိုင်ငံတကာမှာ ရောင်းမယ့် အချိန်ကို မသိရသေးပါဘူး။ အနက်၊ ငွေနဲ့ နှင်းဆီရွှေရောင် ထုတ်လုပ်ထားပြီး လက်ပတ်ကြိုးအတွက် အနက်၊ အစိမ်း၊ လိမ္မော်နဲ့ ပန်းရောင်တွေ ရွေးချယ်နိုင်ပါတယ်။

Ref : gadgets.ndtv

%d bloggers like this: