Apple ရဲ့ TWS Buds ရောင်းအားကောင်းနေပေမယ့် ဈေးကွက်ဝေစု ကျလာ

Counterpoint Research ရဲ့ စစ်တမ်းအရ AirPods ရောင်းအား တက်နေပေမယ့် Truly Wireless Earphones ဈေးကွက်မှာ ဝေစု ကျနေတယ်လို့ သိရပါတယ်။ ၂၀၁၉ ခုနှစ်မှာ TWS Buds ရောင်းအားရဲ့ ထက်ဝက်နီးပါး ရခဲ့ပေမယ့် ၂၀၂၀ ခုနှစ်မှာ Apple ဟာ ရောင်းအား ၃၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါတယ်။ ဒါပေမယ့် ရောင်းအားကတော့ တက်လာမှာပါ။ ၂၀၁၉ ခုနှစ်မှာ အလုံးရေ ၆၁ သန်းရောင်းချခဲ့ရပြီး ၂၀၂၀ ခုနှစ်မှာ ၈၂ သန်းလောက်အထိ ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။

Apple ဈေးကွက်ဝေစု ကျလာရခြင်းမှာ တရုတ် ကုမ္ပဏီတွေကြောင့် ဖြစ်ပါတယ်။ တရုတ် ကုမ္ပဏီတွေရဲ့ နားကြပ်တွေဟာ အသံအရည်အသွေးနဲ့ လုပ်ဆောင်ချက်တွေ ကောင်းသလို ဈေးကလည်း သက်သာလို့ ဖြစ်ပါတယ်။ Samsung လည်း ဈေးကွက်ဝေစု ကျနေပြီး ၆ ရာခိုင်နှုန်းနဲ့ အလုံးရေ ၁၇ သန်း ရောင်းချထားနိုင်ပါတယ်။ အရင်နှစ်ရဲ့ ၈ သန်းထက်တော့ ရောင်းအားတက်လာပါတယ်။ Xiaomi က နံပါတ် ၂ နေရာကို ၁၀ ရာခိုင်နှုန်းနဲ့ သိမ်းပိုက်ထားပါတယ်။

Counterpoint က Samsung ဟာ ဈေးအစားစားရှိတဲ့ နားကြပ်မျိုးစုံကို ရောင်းချမယ်ဆိုရင် ရောင်းအား တိုးတက်လာနိုင်တယ်လို့ ထောက်ပြပါတယ်။ Galaxy Buds Live ကိုကြေညာအပြီး ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ အလုံးရေ ၃ သိန်း ရောင်းချထားနိုင်ခဲ့ပါတယ်။

Ref : gsmarena

%d bloggers like this: