Power Earbuds Lite ကို ဖန်တီးနေတဲ့ Nokia

Nokia က Power Earbuds ကို ထုတ်လုပ်ရောင်းချထားပြီး အသံအရည်အသွေးနဲ့ ဘက်ထရီ သက်တမ်းက တော်တော်လန်းပါတယ်။ အရွယ်အစား နည်းနည်း ကြီးတာကို ကြိုက်သူတွေအတွက် သင့်တော်ပြီး ယူရို ၉၀ နဲ့ ရောင်းပေးနေပါတယ်။ မြန်မာငွေ ၁ သိန်းခွဲလောက်ရှိတဲ့အတွက် ဈေး မသေးပါဘူး။

အခုတော့ Nokia က Power Earbuds Lite ကို ဖန်တီးနေပါတယ်။ သူ့ရဲ့ ဓါတ်ပုံ ၁ ပုံ ထွက်လာပြီး Bluetooth SIG မှာ မှတ်ပုံတင်ထားပါတယ်။ မော်ဒယ်နံပါတ်က BH-405 ဖြစ်ပြီး ဆက်သွယ်မှုပိုကောင်းကာ စွမ်းအင် စားသုံးမှု သက်သာစေတဲ့ Bluetooth 5.0 ပါလာနိုင်ပါတယ်။ သီအိုရီအရ ပြောရရင် Lite Version ဟာ မူလ Version ရဲ့ ၅ နာရီ သီချင်းနားထောင်နိုင်တဲ့ သက်တမ်းထက် ပိုလန်းနိုင်ပါတယ်။ Power Earbuds Lite မှာ မူလမော်ဒယ်ရဲ့ IPX7 စံနှုန်း ပါလာနိုင်ပါတယ်။

HMD Global က IFA 2020 နည်းပညာ ပြပွဲမှာ ပါဝင် ပြသမှာ ဖြစ်ပြီး စွမ်းရည်နိမ့်နဲ့ စွမ်းရည်သင့် စမတ်ဖုန်းတွေကို ကြေညာမှာ ဖြစ်ပါတယ်။ Nokia 2.4 , 3.4 , 6.3 နဲ့ 7.3 စမတ်ဖုန်းတွေနဲ့အတူ Power Earbuds Lite ကိုလည်း နောက်လ ၃ ရက်နေ့မှာ ချပြနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: